အပိုင်း 8

3.3K 119 1
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"

         🦋 အပိုင်း(၈) 🦋

Englandရောက်နေတဲ့အချိန်အတွင်း သူ့မာအားတယ်ရယ်မရှိ HRကိုသွားရ CompanyမာMeetingထိုင်ရ စက်ရုံလည်ပတ်မှုကိုတစ်ပါတ်တစ်ခါသွားစစ်ဆေးရနှင့် အလုပ်တေလုံးချာလည်ရိုက်နေသည်
အဖေကတော့မြန်မာပြည်မာအေးဆေး

"Hello..."

"ဟုတ်အဖေပြော"

"ဘယ်လိုလဲ ဖုန်းပြောချိန်ရရဲ့လား"

"အားကိုမအားလို့ခုချက်ချင်းအဲ့မြန်မာပြည်ပြေးလာလိုက်ချင်တယ်"

"ဟားဟား ငါဘယ်လောက်အလုပ်များလဲမင်းသိပီမလား
မင်းအဖွားနားခိုင်းတာတောင်မပြတ်နိုင်တဲ့ကိစ္စတေရှိလို့ အင်းအင်းပဲပြောခဲ့ရတာ ခုမင်းငါ့ဝဋ်တွေလည်နေပီ"

"ဟုတ်တယ်အဖေရေ နောက်လထဲကျနော်ပြန်လာတော့မယ် ဒီမာ လုပ်စရာလဲပြတ်ပီ"

"အေးအေး ကောင်းပီ"

"ဒါနဲ့ အဖိုးနဲ့အဖွားရော ကျနော် မနှစ်ကပဲဖုန်းပြောလိုက်ရတယ် ဒီနှစ်အတွင်းကျနော့်ဆီလဲမဆက်ဘူး"

"သူတို့ကတော့လခြား တရားစခန်းရက်ရှည်၀င်နေကြလို့မင်းဆီမဆက်အားဘူး"

"ဟုတ်ကဲ့ပါဗျာ ဒါပဲနော်"

ဖွားတို့သူ့ကိုစိတ်မပြေသေးဘူးထင်တယ်
၄နှစ်တောင်ရှိပီ စိတ်ဆိုးတုန်းပဲ  မတတ်နိုင် သူဆန္ဒမပါဘဲနဲ့တော့ဘ၀အတွက်အလွယ်တကူဆုံးဖြတ်ချက်ချခွင့်မပေးနိုင်ဘူး

"Mr.Htal,You have to meet our sharemember at 7 PM."

"OK,I Knew that,thank for remind me."

"Nevermind sir.So Excuse me."

ညခုနှနာရီလဲမနားရသေး ဟူးးး

*°*°*°*°*°*°*°*°*°*°*°*°*°*

ကာရံရောက်တော့ကွန်ဒိုအခန်းသော့ကရှာမတွေ့
နွယ်နီဘယ်နားထားပြန်တာလဲ ငါ့မှာလောပါတယ်ဆိုမှ

"ဟင်နင်ဘာလို့ပြန်လာတာလဲ ကာရံ"

"ငါ့အခန်းထဲကစားပွဲမှာနှစ်ချုပ်Fileကျန်ခဲ့တယ်ဟ နင်ကဘယ်သွားနေတာလဲ"

"ငါအောက်ဆင်းမုန့်၀ယ်နေတာ နင်ကအခုဘာရှာနေတာလဲ"

"သော့...သော့ဘယ်မာလဲ !အရင်နေရာမရှိဘူး"

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCUnde poveștirile trăiesc. Descoperă acum