အပိုင်း 3

3.9K 151 0
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"

      🦋  အပိုင်း(၃) 🦋

လက်ကဒဏ်ရာကြီးနဲ့ကိုဖွားကအိမ်မာအနားမခိုင်း အမြဲ အိပ်နေရင်ဖျားတတ်တယ်တဲ့ အာ့ကြောင့်သူမကိုအပြင်ခေါ်လာသည်

ဒါရိုင်ဘာကိုကန်တော်ကြီးဥယာဥ်ထဲ၌ကားကိုပါကင်ထိုးခိုင်းခဲ့ပီးသူမနဲ့ ဖွားလမ်းလျှောက်နေသည်

"သမီး ဖွားကိုမှန်မှန်ပြော ကီးကီးကိုက်ခံရတာ မြေးကြောင့်မဟုတ်လား"

ရုတ်တရက်ဖွားမေးလိုက်သောကြောင့်သူမဖြေရခက်နေသည် လိမ်လဲမလိမ်ချင် အမှန်ပြောရင်လဲ ဖွားနဲ့ဦးပြဿနာတက်ဦးမယ် ဘယ်လိုလုပ်ရပါ့

"ဖွားအားလုံးသိတယ်သမီးအမှန်အတိုင်းဖြေ ကီးကီး သူ့သခင်စကားအရမ်းနားလည်တာ လူတယောက်ကိုအဲ့လိုရမ်းမကိုက်တတ်ဘူး  ဖွားပြောတာမှန်တယ်မလား"

"ဖွားနဲ့ ဦးသမီးကြောင့်ပြဿနာမဖစ်ပါနဲ့နော် သူကြောင့်ဆိုပေမဲ့ သမီးကလဲ  ခွေးမျက်စိနောက်အောင်နေမိတယ်ထင်ပါတယ်"

"အဲ့နေ့ကအဖစ်ကိုဖွားအားလုံးမြင်တယ် သမီးကသာသူ့ဘက်ကပြောပေးနေတာ သူကဖြင့် အဲ့မာရပ်ကြည့်နေခဲ့တာမဟုတ်လား"

ဖွားသူ့မြေးကိုစိတ်တိုနေသည်

"စိတ်လျှော့ပါဖွားရယ် ပီးတာတေလဲပီးပီ သမီးဘယ်သူ့ကိုမှအပစ်မတင်တော့ပါဘူး"

ဖွားကသူမခေါင်းလေးကိုပွတ်၍

"သမီးကစိတ်ထားဖြူစင်တော့အရာရာကိုခွင့်လွှတ်နိုင်တယ်အဲ့အချက်ကိုအခွင့်ကောင်းယူပီး လူတေကနှိပ်စက်လာနိုင်တယ်သမီး ဒါကြောင့်အမြဲတမ်းသတိထားနေနော်"

"ဟုတ်ကဲ့ပါဖွား ဟီး"

သမီးလေးရဲ့အပြုံးအရယ်လေးတေကအေးချမ်းလိုက်တာ အိကိုတောင်သတိရတယ် သူမအဖွားအိဆိုလည်းငါစိတ်ညစ်ရင်အမြဲပြုံးပြတတ်တယ် အေးချမ်းတဲ့အငွေ့အသက်တေ ကူးစက်လာသလိုပဲ

"ကဲသမီးကမနက်ဖြန်ကျောင်းစတက်ရမယ်ဆိုတော့ ဒီနေ့တည်းကသမီးကိုပုံစံပြောင်းမယ်"

"ဟင်ဘာလုပ်မလို့လဲဖွား"

သမီးကလူငယ်တစ်ယောက်ဖစ်ပီး ဝတ်ပုံစားပုံကရှေးကျနေတယ် ကျောင်းရောက်ရင်သူငယ်ချင်းတွေအလှောင်ခံရမာပေါ့"

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now