အပိုင်း 20

3.4K 104 20
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"
🦋 အပိုင်း(၂၀) 🦋

အပြင်ကပြန်ရောက်လာတာဖြင့်အတော်မိုးချုပ်နေပီ
ခုထိကာရံပြန်မရောက်သေး

"ဒေါ်နန်း ကာရံကခုထိပြန်မလာသေးဘူးလား ၈နာရီခွဲနေပီ"

"မသိသေးပါဘူးသခင်လေး သမီးကဖုန်းဆက်တော့လည်းမကိုင်ဘူး"

ည၈နာရီလာပို့မယ်ဆိုပီး ကာရံသူငယ်ချင်းက ကတိမတည်တော့သူ့မာစိတ်တိုရလေပီ
ချက်ချင်းပဲသူ့ဖုန်းGPS မှကာရံကိုရှာပီးသူမရှိရာလိုက်သွားသည်

ကာရံရှိနေတာက MoonCatcherစားသောက်ဆိုင်ရဲ့အတွင်းဘက် စားပွဲဝိုင်းကြီးနေရာမာ

လူအများကြီးကြားထဲကာရံကိုသူအတော်ရှာလိုက်ရသည်
တွေ့မယ့်တွေ့တော့ အခန်းထောင့်မာကောင်လေးတယောက်နဲ့ပြောနေသည်
ခြေလှမ်းကျဲများဖြင့်ကာရံဆီလျှောက်သွားတော့ဟိုချာတိတ်ကအရင်မြင်သွားတယ်

"ဟိုမာအမယောက်ကျားရောက်နေတယ်"

"ဟင်"

ဦး ဒီကိုလိုက်လာတယ် မလာနဲ့လို့တားခဲ့တာကို

"ငါ့ကိုထားခဲ့ပီးတော်တော်ပျော်နေလားကာရံလှိုင်း မင်းပြန်မလာသေးလို့ငါဘယ်လောက်စိတ်ပူရလဲသိလား"

"အချိန်တန်ရင်ပြန်လာမာပေါ့ ကျမသူငယ်ချင်းတွေနဲ့ရှိနေတာရှင်ကဘာကိုစိတ်ပူနေတာလဲ"

"ဒါဆိုသူကဘယ်သူလဲ နှစ်ယောက်တည်းသီးသန့်စကားပြောနေတာလည်းမင်းသူငယ်ချင်းပဲလား"

မျက်နာချင်းဆိုင်‌ေနသည့်နေမျိုးတင့်ကထရှင်းရပီ

"အကို ကျနော်က အမအရင်လုပ်ဖူးတဲ့Companyကဦးအောင်မျိုးတင့်ရဲ့သားပါ ကွန်ဒိုမာနေတည်းကအမနဲ့ခင်ခဲ့တာမို့ခုတွေ့တုန်းစကားပြောဖစ်တာပါ"

"ဪ မင်းကိုး.... မင်းအဖေလုပ်ရပ်ကြောင့်ငါတို့ရှင်းမနိုင်တဲ့ပြဿနာတွေတက်ခဲ့တာ မင်းအဖေအလုပ်ပြုတ်တာငါသိပ်ကျေနပ်တာမဟုတ်ဘူး အဲ့တုန်းကကာရံနဲ့ငါဘာမှမဆိုင်သေးလို့ မင်းအဖေကိုငါတရားမစွဲတာ ခုငါ့မိန်းမကိုကွယ်ရာမှာနှောင့်ယှက်မှုနဲ့ မင်းကိုအမှုဖွင့်မယ်"

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCΌπου ζουν οι ιστορίες. Ανακάλυψε τώρα