အပိုင်း 11

3.5K 118 2
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"
        🦋 အပိုင်း(၁၁) 🦋

ကွန်ဒိုရှေ့ကားရပ်သည်နှင့်သူ့တောင်နှုတ်မဆက်ပဲ သူမကားပေါ်မှဆင်းသည်

"နောက်တခါ အဖော်မပါဘဲဘယ်မှမသွားနဲ့"

နောက်မှသူလှမ်းပြောတော့ သူမကတ်ကတ်လန်ပြန်ပြောသည်

"ဘယ်သွားသွားရှင့်အပူမပါဘူး"

"လှိုင်း..."

"မမကာရံ"

သူမဆီသို့Bossတို့မောင်နှမနှင့် နွယ်နီတို့ရောက်လာသည်

"ကာရံ နင်အဆင်ပြေလား နင်ကလဲငါတို့ကိုဖုန်းဆက်လိုက်တာမဟုတ်ဘူးဟာ"

"ဆက်ရအောင်ဒီလောက်ဆူညံနေတာ ကြားနေပါမယ်နင်တို့က"

ခပ်ရွဲ့ရွဲ့အပစ်တင်တော့ နွယ်နီရယ်ပြသည်

ကာရံအားလိုက်ပို့တဲ့သူကိုကေဇင်ဟိန်း သေချာကြည့်မိတော့

"ဟာ ကိုကြီး"

"ဟင်..ကေ"

ခုမှအသိတွေလာဆုံနေကြသည်

"ဦးစေညွှန်ကကျနော့်ညမနဲ့သိနေတာလား"

"သိရုံတင်မကဘူးကိုကိုရဲ့ ညမလေးတို့က Englandမာတည်းကလုပ်ဖော်ကိုင်ဖက်တေ"

"ကေ ကမြင့်မိုရ်ညမမှန်းကိုယ်မသိဘူး"

"ဘယ်သိမလဲကိုကြီးတို့ကို ကေ မဆုံပေးဖူးဘူးလေ"

"ဟုတ်ပါပီ ခုလိုလိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်ဦးစေညွှန် လှိုင်းသာသန်းခေါင်ကျော်မှပြန်ရောက်မလာရင် ကျနော်တို့ ရဲတိုင်ပီးအပြင်ထွက်ရှာတော့မလို့"

"ကျနော်လဲသူငယ်ချင်းနဲ့စကားပြောနေတုန်း ကာရံလှိုင်းအခက်အခဲကိုမြင်လို့ ဝင်ကူညီတာပါ ဒါနဲ့ မြင့်မိုရ်ကပဲကျေးဇူးတင်နေတယ် ကာယကံရှင်က ဘာသံမှမထွက်ပါလား"

ကားပေါ်မှနေ၍သူမကိုလှမ်းကြည့်ကာ‌ေပြာ‌ေန‌ေပမဲ့ ကာရံသူ့ကိုကျောပေးထားသည်
ကျေးဇူးတင်ဖို့စိတ်ကူးမရှိဘူး သူမကိုအသားယူလိုက်လိုက်လို့စိတ်တိုတာပဲသိတယ်

ကေစိတ်ထဲမာတော့
°ကိုကြီးနဲ့မမအ‌ေခြအ‌ေနကအရင်တုန်းကသိခဲ့ဖူးလို့လား°

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now