အပိုင်း 14

3.1K 110 0
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"
     🦋 အပိုင်း(၁၄) 🦋

လူတေအများကြီးထဲနေရတာစိတ်ကျဥ်းကြပ်ပါသည်ဆိုမှ မြင့်မိုရ်ကပါတီတက်ရမယ်တဲ့ လှိုင်းမပါလို့မရဘူးဆိုပဲ

"ကိုယ်ဘယ်လောက်ပျော်ကြောင်း လူတိုင်းကိုပြောမယ် ကျေးဇူးပြုပီအဲ့ပွဲမာရှိနေပေးပါနော်လှိုင်း"

"အင်းပါနေပေးပါ့မယ် လူတွေအများကြီးတော့မရှိလောက်ပါဘူးနော်"

"ဟင်းးး မသိဘူး ညမလေးဧည့်သည်တေလဲပါမယ်ထင်တယ်"

မခက်ပေဘူးလား လူပိုများရောပေါ့

စည်းချက်ညီတဲ့တယောသံနှင့်အတူ ကနေသောစုံတွဲတွေထဲမာ ကာရုံနှင့်မြင့်မိုရ်မပါ
တဖွဲဖွဲကျရောက်လာသည့် ဧည့်သည်များကိုကေ နဲ့မြင့်မိုရ်သာ ဒိုင်ခံ ဧည့်ခံနေသည်

"ဟိုမာဦးစေညွှန်ရောက်လာပီ"

မြင့်မိုရ်ပြောပီး ဦးကိုသွားနှုတ်ဆက်နေသည်မို့သူမကျန်နေခဲ့သည်

"အရေးကြီးတဲ့ပွဲဆိုလို့ ဘာများလဲ မြင့်မိုရ်"

"မကြာခင်သိရမာပါ ဦးစေညွှန်ဒီဘက်လာပါ"

စေညွှန်ကိုနေရာပေးပီး မြင့်မိုရ်စင်ပေါ်တက်သွားသည်

"အားလုံးလည်း စုံလောက်ပီဆိုတော့ ကျနော်ပြောချင်နေတာလေးရှိပါတယ်"

လူအားလုံးရဲ့အကြည့်တေက မြင့်မိုရ်ဆီမာ
မြင့်မိုရ်ကတော့ကာရံကိုသာကြည့်နေသည်

"ကျနော် ပထမဆုံးမြတ်နိုးဖူးတဲ့ကောင်မလေးတယောက်ကိုအခုပိုင်ဆိုင်ရပီ.....
သူ့ကိုလက်ထပ်ခွင့်ရပီမို့ ကျနော်အတိုင်းမသိဝမ်းသာတယ် ခုဒီပွဲမာပဲ သူမကိုလက်ထပ်ခွင့်တောင်းမာပါ"

တီးတိုး ကျယ်ကျယ်စကားသံတေကတော့

'ဝါးအဲ့Lucky Girlလေးကဘယ်သူလဲ'

'တို့ဆရာဘဝကတော့ခုမှ အဓိပ္ပါယ်ရှိလာပီ'

"ကျနော့်Feyonceကာရံလှိုင်း.....ကိုယ့်ဆီလျှောက်လာပေးပါ"

သူမကိုခေါ်နေသည်မို့ မြင့်မိုရ်ရှိရာစင်ပေါ်တက်သွားလိုက်သည်
သိပါတယ် ရှင်ဒီပွဲမာ ကျမကိုပွဲထုတ်မယ်ဆိုတာ....

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now