အပိုင်း 7

3.4K 139 2
                                    


"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"

🦋 အပိုင်း(၇) 🦋

"ဘာကို တွေဝေနေတာလဲသမီး အဲ့တာအဖွားအဖစ်ချင်ဆုံးဆန္ဒပါ လိုက်လျောပေးနိုင်မလား"

"ဒီကိစ္စကိုဖွားဘယ်လိုများစဥ်းစားရက်တာလဲ ဦးသမီးကိုဘယ်လောက်မုန်းလဲဆိုတာဖွားအသိပဲလေ"

"သူ့မှာအမုန်းတွေမရှိတော့ပါဘူး သမီးကိုစိတ်ပြေနေပါပီ
အရင်ကလောက်သမီးပေါ်ခက်ထန်မနေတော့ဘူးလို့ဖွားခံစားမိတယ်"

°မဖစ်နိုင်တာ သူ့လုပ်ရပ်တေကိုဖွားကခဏတွင်းချင်းပဲဝေဖန်စောနေသည် သူဘယ်လောက်အငြိုးကြီးလဲဖွားမှမသိတာ°

ကာရံငြင်းဆန်ချင်ပါသည် ဒါကဖွားဆန္ဒတဲ့

"ဦးအတွက်သင့်တော်တဲ့အခြားတယောက်ရှိဦးမာပါ အရမ်းမလောပါနဲ့ ဖွားရဲ့ အချိန်တခုထိစောင့်ကြည့်ပါဦး"

"သမီးပြောဖူးတယ်လေ မြေးအတွက်စစ်မှန်တဲ့ဖူးစာရှင်တစ်ချိန်တွေ့လာမယ်ဆိုတာ အဲ့အချိန်ကအခုရောက်နေပီသမီး ဖွားရဲ့မြေးကရွေးချယ်သင့်တဲ့လူတယောက်ဆိုတာထက် မြေးရဲ့အနွံတာကိုခံနိုင်မဲ့သူက သမီးပဲရှိတာမို့ ဖွားရဲ့ဆန္ဒကိုလက်ခံပေးပါသမီးရယ်နော်"

သူမလက်ကိုဆုပ်ကိုင်ပီး ဖွားကအတင်းပြောနေသည်
နောက်ဆုံးသူမသိလိုက်တာဒါပါပဲ ကျေးဇူးတရားတွေ

"ဦးရဲ့ဆန္ဒကိုအရင်မေးပါဦး သမီးကိုလက်ထပ်ချင်ရဲ့လားလို့ သူလက်မခံနိုင်ရင်အတင်းအကြပ်မစီစဥ်ပါနဲ့ဖွား"

"ဒါဆိုသမီးကလက်ခံတယ်လား"

ကာရံခေါင်းညိတ်ပြသည်
ကျေးဇူးတရားဆိုတဲ့အသိနဲ့တင်သူမ ခေါင်းမခါနိုင်ခဲ့ပါ

"အရမ်း၀မ်းသာတယ်သမီးရယ် မြေးကိုသမီးနဲ့စိတ်ချနိုင်ခဲ့လို့ဖွားသေပျော်ပီ"

"အဲ့လိုတေမပြောပါနဲ့ ဖွားရဲ့ ဖွားစိတ်ချမ်းသာရင်သမီးလဲပျော်ပါတယ်"

သူ့ဆန်စားမှတော့ရဲရတော့မာပေါ့
ငြင်းနေလဲ လက်ခံလာတဲ့အထိတောင်းဆိုနေမာမို့ကိုယ့်ကျေးဇူးရှင်စိတ်ချမ်းသာအောင်သူမဘ၀ကိုပေးဆပ်မည်ဟုဆုံးဖြတ်လိုက်သည်
ဦးရဲ့အမုန်းတွေကိုခံယူရင်းပေါ့.....

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now