အပိုင်း 4

3.6K 137 3
                                    

Unicode___

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"

       🦋 အပိုင်း(၄) 🦋

ဒီနေ့ ကာရံကျောင်းစတက်ရမဲ့နေ့မှာလုံး၀အဆင်ပြေပါ
အခြားတော့မဟုတ် ဖွား၀တ်ခိုင်းသည့် အပြာရောင်၀မ်းဆက်က အသားတေစူးနေသည် ရာသီဥတုသိပ်မပူပေမဲ့ ဇာတေကရှုပ်ယှက်ခတ်နေတော့ နေရခက်နေသည်

"ဖွား သမီးဒါကြီးနဲ့နေရခက်တယ် တခြားဟာပဲ၀တ်မယ်လေနော်"

"ဒါပဲကောင်းပါတယ်သမီးရယ် ဖွားမြေးကိုဒီပုံစံနဲ့ကျောင်းကလူတေငေးနေကြမာ မြင်ယောင်သေးတယ်"

"မငေးပါဘူးဖွားရဲ့ သမီးကဒီလောက်ကြည့်ရဆိုးတာ သူများတွေမြင်ရင်အနားတောင်ကပ်ချင်မှာမဟုတ်ဘူး"

"ဘယ်သူပြောလဲကြည့်ရဆိုးတယ်လို့ငါ့မြေးကဒီလောက်လှတာ ဒီမယ် မှန်ထဲမှာကြည့်လိုက် ဒါဘယ်သူလေးလဲ"

ကိုယ်လုံးပေါ်မှန်ကြီးနားသွားပီးရပ်လိုက်မှ သူမကိုယ်သူမ သေချာသိတော့သည် ဟုတ်သား ငါအရမ်းရုပ်မဆိုးဘူးပဲဟဟ

"ဘယ်လိုလဲဖွားပြောတာမှန်တယ်မလား"

"ဟုတ်တယ်ဟီး"

"အာ့ဆိုပြင်ဆင်ပီးရင် မနက်စာစားရအောင် "

"ဟုတ်ဖွား ခနလေး ခုနထုတ်ထားတဲ့အ၀တ်တွေပြန်ထည့်လိုက်ဦးမယ်"

ထိုစဥ် ဖွားနဲ့သူမရှိရာအခန်းသို့တံခါးလာခေါက်သည်

"ဖွား ဒီထဲမာလား ဖွား"

"အေးဟုတ်တယ်မြေး၀င်ခဲ့လေ"

သူ၀င်လာပီးမှ ပါးစပ်အဟောင်းသားရပ်နေမိသည်
ဒါကာရံလှိုင်းပေါ့
ဟင်း စိန်နားကပ်အရောင်ကြောင့်ပါးပြောင်နေတာ
မင်းဘာသာဘယ်လောက်ပြင်ပြင်စိတ်မ၀င်စားဘူး

"မပီးသေးဘူးလားဖွား သားပြောချင်တာရှိလို့အာက်မှာစောင့်နေတာကြာလှပီ"

"ပီးပါပီသားရယ် ပြော ဘာပြောချင်တာလဲ"

"မှော်ဘီကခြံမာ လိုအပ်တာတွေ၀ယ်ဖို့ ကျနော်ဒီနေ့အိမ်ပြန်နောက်ကျမယ် အာ့ဖွားကိုလာပြောတာတော်ကြာစိတ်ပူနေမာကြောင့်"

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now