အပိုင်း 15

3.5K 95 2
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"
       🦋 အပိုင်း(၁၅) 🦋

"ကိုကြီးနဲ့မမက အရင်ကဇာတ်လမ်းရှိခဲ့ဖူးတာကိုး"

"ဟုတ်တယ်သမီး ဖွားမြေးကိုကာရံလေးအရမ်းနာကျည်းသွားတာ ဖွားကိုတော့အမြဲရိုသေခဲ့တယ် နှစ်တိုင်းကန်တော့မပျက်ဘူး"

"သမီးအကိုနဲ့ မမကာရံလက်ထပ်တာကိုရော ဖွားဘယ်လိုမြင်လဲ"

ဒေါ်ဆင်းထည်ဝါသက်ပြင်းချပီး

"ဝမ်းသာပေးရမာပေါ့သမီးရယ်.........မတော်လိုက်ရတဲ့‌ေမြး‌ေချွးမကို အခြားတယောက်ပျော်ရွှင်အောင်ထားပေးနိုင်မယ်ဆိုရင် ဖွားကျေနပ်ရမာပေါ့"

"ကိုကြီးလဲမမကာရံကိုဘာတေများမကျေနပ်နေတာလဲမသိဘူး.......သမီးလဲခုဖွားပြောမှသိတာ ဒါကြောင့်မမက  ကိုကြီးကိုမြင်ရင်ရှောင်ထွက်သွားတတ်တာ"

"ပီးခဲ့တာတေလဲပီးပီး နောက်ကြောင်းတေပြန်စဉ်းစားရင် ဝမ်းနည်းစရာတေချည်းပဲ ကဲလာ ဖွားနဲ့သမီးလာရင်းကိစ္စဆက်လုပ်ရအောင်"

"ဟုတ်ဖွား"

မဂ်လာပွဲကိစ္စတိုင်ပင်ဖို့ သူမစကားဖြူစံအိမ်ရောက်နေသည်
ကေမာသာ အားကျိုးမာန်တက်နဲ့စီစဉ်တာ ကိုကြီးကဘာမှဝင်မပြော
ထားလိုက်ပါတော့လေ

__________

ကိုကိုသိထားသင့်တယ်ထင်လို့ ကေအကုန်ဖွင့်ပြောလိုက်သည် စကားရှုပ်တာတော့မဟုတ်ပါ ကိုယ်နဲ့ရှေ့ဆက်ပါတ်သတ်နေရမဲ့လူတယောက်အကြောင်းပွင့်ပွင့်လင်းလင်းသိထားရင်ပိုကောင်းတာမို့

"ညမလေးကိုဖွားပြောပြတော့အံ့တောင်ဩတယ် အာ့ကြောင့် ပထမတခါကိုကိုစဖွင့်ပြောတုန်းကမမကာရံကငြင်းခဲ့တာကိုး"

လှိုင်းရဲ့အတိတ်ကိုမြင့်မိုရ်အစောတည်းကသိပီးသားပါ
သူမကိုချစ်လွန်းလို့ ထိုအရိပ်ဆိုးကိုလျစ်လျူရှုပစ်လိုက်တယ်

"ကိုကိုသူ့ကိုချစ်တာ သူဖစ်နေလို့ချစ်တာပဲညမလေး....
သူ့ရဲ့အရာရာကိုလက်ခံနိုင်တယ် အတိတ်မာသူဘာတေပဲဖစ်ခဲ့ဖစ်ခဲ့ လက်ရှိမာသူကလွတ်လပ်သူတယောက်။
ပီးတော့ကိုကို့ဘဝအတွက်မရှိမဖစ် လူတယောက်မို့လို့ ကိုကိုတန်ဖိုးထားတယ် သူ့ရဲ့အဲ့အမည်းစက်ကိုညမလေးက အပစ်တခုလိုသဘောမထားရဘူးနော်"

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now