အပိုင်း 18

3.7K 114 2
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံနဲ့မာန"
       🦋 အပိုင်း(၁၈) 🦋

အချိန်အားဖြင့်ညခုနှစ်နာရီ
ကားသံကြားတော့စေညွှန်ထိုင်ရာမှထရပ်ပီးကာရံအလာကိုစောင့်နေသည်

"ပြန်လာသေးတယ်နော်"

ရောက်မဆိုက်လာရန်တွေ့နေတယ်

"မလာစေချင်ရင်ပြန်မယ်"

တံခါးဝနားရောက်နေသည့်ကာရံလက်ကိုအမြန်ဆွဲလိုက်ရသည်
အမလေး အပြောကိုမခံတာပါလား

"လာစေချင်လို့မှမျှော်နေတာလေကွာ"

"အာ့ဆိုဘာလို့ရန်စကားလာပြောနေတာလဲ စိတ်တိုအောင်လို့"

ဒေါသထွက်နေသည့်သူမလက်ကိုဆုပ်ကိုင်ထားကာ

"နောက်တစ်ခါတယောက်တည်းဘယ်မှမသွားနဲ့နော် သွားစရာရှိခဲ့ရင် ကိုယ်အိပ်နေလို့ပဲဖစ်ဖစ် အပြင်ရောက်နေလို့ပဲဖစ်ဖစ် အကြောင်းကြားပေး အရမ်းစိတ်ပူတယ်သိလား"

ရှားညိုရောင်ရင်ဖုံးလေးနှင့်ကာရံအရမ်းလှနေသည်
မုန်းပေ့ဆိုတဲ့ဒီရင်ခွင်ထဲမာနေရတာ ကာရံ မကျေနပ်မှန်းလည်းသိတယ် ချစ်လွန်းလို့အရယူထားတာ လွယ်လွယ်ထားသွားခွင့်မပေးနိုင်ဘူး

"ကျမကခလေးမှမဟုတ်တာ ဘယ်သွားသွားဘာလုပ်လုပ် ဘယ်သူ့မှအသိပေးနေစရာမလိုဘူး"

"ကိုယ်သိဖို့လိုအပ်တယ် အကယ်၍ ကိုယ့်ကိုမင်းထားသွားရင်ဘယ်လိုလုပ်မလဲ"

မဲ့ရွဲ့နေသောမျက်နာပေးလေးနှင့်သူ့ကိုပြန်ကြည့်လာပီး

"ရှင့်မှာ မိန်းမမရှားပါဘူး ကျမထားသွားလဲနောက်တယောက်ယူလိုက်ပေါ့ ဘာခက်သလဲ"

ဟင်း...လျှော့ထားတဲ့စိတ်တွေကိုလာဆွနေတာ

"မင်းထားသွားလည်းမင်းရှိတဲ့အရပ်လိုက်လာခဲ့မာ နောက်တယောက်ဆိုတာထပ်မပြောနဲ့"

တခွန်းချင်းပြန်ပြောနေတဲ့ သူမကိုသူအပစ်မယူရက်ပါ
ချစ်လို့သည်းခံနေတာ တကယ့်စေညွှန်အစစ်ဆိုရင် မ.ယ.က.နေဖို့ဝေးစွ
ဘယ်သူမှတောင်မော်မကြည့်ရဲကြတာ ကာရံနဲ့မှသာသူမြွေစွယ်ကျိုးတော့သည်

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCKde žijí příběhy. Začni objevovat