အပိုင်း 21

3.6K 106 5
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"
🦋 အပိုင်း(၂၁) 🦋

မေ့နိုင်ခဲ့ပီလို့ထင်ခဲ့တာ တကယ်တော့မဟုတ်ခဲ့
ရက်ပေါင်း(၉၀)ဆိုတာ မှတ်ဉာဏ်တစ်ခုမေ့ပျောက်ဖို့ပဲ
မလုံလောက်နိုင်တာလား...?

ဦးရောငါ့ကိုမေ့နိုင်တယ်လား::::::::::
ဟုတ်မာပါ ငါတို့နှစ်ယောက်ကြားမာသိမ်းထုပ်ထားလောက်တဲ့အမှတ်တရတွေမှမရှိခဲ့တာ

ငါမကောင်းခဲ့တယ်ပဲထားပါတော့
°ဒါပေမဲ့ကျမရင်ထဲလည်းဝင်ကြည့်ပါဦး
မခွဲတော့ဘူးဆိုတဲ့ရှင့်ကိုထားခဲ့ရတာ နေ့တိုင်းသတိရတယ် ရှင်ချစ်ခဲ့တဲ့အချိန်တွေက အကြောင်းတိုက်ဆိုင်တိုင်းအတွေးထဲပေါ်လာနေတာ ဘယ်လိုတားဆီးရမလဲ°

ကာရံဒီဇိုင်းဆွဲရင်းအတွေးတို့လွင့်ပျံ့နေတုန်း

"မမရေ ဒီမာအသစ်ဒီဇိုင်းလေးလာကြည့်ပါဦး"

သူမဇာတိဟုမ္မလင်းမြို့နောင်ပိုအောင်ကျေးရွာကို အခြေချခဲ့တာဦးဆီကထွက်လာတည်းက/
အရီးတုတ်က ဖွားရဲ့အိမ်ကိုထိန်းသိမ်းပေးခဲ့လို့သူမပြန်ရောက်လာတော့ လွှဲပေးခဲ့သည်
ခုထိုအိမ်လေးကိုအကျယ်နည်းနည်းပြင်လိုက်ပီးအောက်ထပ်မာရွှေချည်ထိုးလုပ်ငန်းနေရာလေးသီးသန့်ဖွင့်ထားသည်

တော်တော်အဆင်ပြေသည်ဟုပြောရမယ်
သူမလိုပညာတတ်တယောက်ဖန်တီးတဲ့ဒီဇိုင်းကို မြို့ပေါ်ဈေးကွက်တွေမာရောင်းအားကောင်းတော့လုပ်ငန်းကတွင်ကျယ်လာခဲ့သည်

ခုကာရံရှိရာအပေါ်ထပ်ကို သင်တန်းသူနေခြည်ဆိုသည့်ကောင်မလေးရောက်လာသည်

"အေးအေး အမလာကြည့်မယ်"

အောက်ထပ်မာ ရွှေချည်ထိုးသင်တန်းသူ ၂၅ယောက်လောက် အလုပ်ရှုပ်နေသည်မို့တစ်ယောက်ချင်းစီကိုလိုက်မကြည့်တော့ပဲ နေခြည်ဆီသာလျှောက်သွားလိုက်သည်

"သမီးဖော်ထားတဲ့အရာကနည်းနည်းကျဉ်းသွားသလားလို့....ကျောက်အတွက်နေရာမဆန့်ဘဲ ဘော်ကြယ်အနီတွေပဲရလောက်မာ အာ့ကိုသမီးပြန်ပြင်လို့ရလားဟင်"

"ရတော့ရပါတယ် ဒါမဲ့အဲ့နေရာကဖျက်ရာပါသွားမာပေါ့.....ဒီလိုလုပ် ဒီနေရာကကျဉ်းတာမသိသာဘူး ထားလိုက်....အောက်ပိုင်းတွေမာ နည်းနည်းသတိထားပီးဆွဲလိုက်နော်...."

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now