အပိုင်း 9

3.5K 137 0
                                    

Unicode____

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"
       🦋 အပိုင်း(၉) 🦋

မနက် ၉နာရီ

ရောက်လာမည့်ဧည့်သည်ကိုသူ့ရုံးခန်းထဲမာသာစောင့်နေသည် Secretory သက်နှင်းအေးရောက်လာပီး

"Boss ...Auroraရဲ့ ဥက္ကဌနဲ့ သူ့PAရောက်လာပါတယ်"

"ကောင်းပီငါ့အခန်းထဲလွှတ်လိုက်"

သက်နှင်းအေးထွက်သွားတော့သူ့ထက်နှစ်နှစ်လောက်ငယ်မည့်လူတယောက်နှင့်အမျိုးသမီးတယောက်၀င်လာသည်

"မင်္ဂလာပါဦးမင်းမျိုးမာန်ထည် ကျနော်က AuroraCompanyရဲ့ပိုင်ရှင်မြင့်မိုရ်ဟိန်းပါ ဒါကတော့ ကျနော့်PAကာရံလှိုင်းပါ"

မင်းမျိုးမာန်ထည်ဆိုသည့်နာမည်ကြားသည်နှင့်ကာရံLap Topမှအကြည့်ခွာကBossရှေ့ကလူကိုလှမ်းကြည့်သည်ဦးပဲ..
ဦးမြန်မာပြည်ပြန်ရောက်နေတာလား

စေညွှန်လည်းအံ့သြနေသည်
°ဒါကာရံလှိုင်းမှဟုတ်ရဲ့လား လုံး၀ပြောင်းလဲသွားလိုက်တာ °
အရင်ကထက်ပိုလှပီးကျက်သရေရှိနေတဲ့ရုပ်သွင်လေးက
တည်ငြိမ်တဲ့မျက်နှာထားလေးနှင့်အလွန်လိုက်ဖက်သည်

ချက်ခြင်းပဲသူအသိ၀င်ပီးမြင့်မိုရ်ဟိန်းဆိုသူကိုနှုတ်ဆက်လိုက်သည်

"တွေ့ရတာ၀မ်းသာပါတယ်  ထိုင်ပါ"

သူမလဲ၀င်ထိုင်လိုက်သည် သူ့ကိုတော့မကြည့် Lap Topကိုသာအာရုံပြန်ပို့လိုက်သည် သို့ပေမဲ့ရင်ထဲကနာလာတယ် တစ်ချိန်ကကိုယ့်ကို ငြင်းခဲ့ဖူးတဲ့သူနဲ့ ခုလုပ်ငန်းအတူလုပ်ရမာမို့ မျက်နှာချင်းမဆိုင်ချင်လဲ ရှေ့ဆက်တွေ့နေရတော့မည်

"ခင်ဗျားအဖေနဲ့  လုပ်လက်စprojectကို ခင်ဗျားကိုပြန်ရှင်းပြမယ် ပီးခဲ့တဲ့နှစ်ကတိုးချဲ့ခဲ့တဲ့ ရုံးခွဲမှာအမြတ်က 75%ထိရခဲ့တယ် ကျုပ်အတွက်တော့ကျေနပ်စရာပဲ အာ့ကြောင့်နောက်ထပ်မြေနေရာတစ်ခုတွေ့ထားသေးတယ် ရော့ဒါက အဲ့မြေရဲ့တန်ဖိုးနဲ့ပေ ဧက"

မြင့်မိုရ်ပေးသည့်fileကိုဖတ်ကြည့်ပီး စေညွှန်သူ့ဘက်ကသဘောထားကိုလဲပြောပြသည်

"အင်းမဆိုးပါဘူး ပတ်၀န်းကျင်လဲကောင်းတယ် နေရာလဲကျယ်တယ် အဓိကစျေးကိုကျနော်သဘောကျတာ
ခု ကိုမြင့်မိုရ်ဟိန်းက ဘယ်လိုလုပ်ဖို့စဥ်းစားထားလဲ"

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now