အပိုင်း 5

3.6K 135 0
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"

       🦋 အပိုင်း (၅) 🦋

Englandမှ ဖုန်းလာသဖြင့် ဖွားကဖုန်းခုံနားကမခွာတော့
သူ့ကိုလဲ လာခေါ်သည်ဖို့ ဖုန်းပြောဖို့စောင့်နေရသည်

"ရော့မင်းအဖေနဲ့ပြောလိုက်ဦး"

ဖွားဆီကဖုန်းကိုယူ၍ တဖက်မှ အဖေ​နှင့်ပြောသည်

"ဖွားက ဒီမာဘာတေလျှောက်လုပ်နေလဲမသိဘူး"

"......."

"နေကောင်းပါတယ် ဖိုးရောဖွားရော အဖေရောအဲ့မာအဆင်ပြေလား"

"......."

"Okရတယ် ကျနော်E_mailနဲ့ပို့လိုက်မယ်"

"........"

"ဖွားကခြိမ်းခြောက်နေတယ် ဒီမာမနေဘူးအဲ့ကိုသွားမာတဲ့ အဖေပြောလိုက်ဦး"

"........"

"ဟဟ မရှိသေးပါဘူးဗျာ အပူတေထဲ ခြေစုံမပစ်ချင်လို့ ပါတယောက်တည်းလည်းကောင်းပါတယ် အင်းရော့ ဖွားနဲ့ပြောလိုက်"

"မင်းသားငါ့စကားနားမထောင်ရင်အဲ့ကိုငါလာမာ ပြောထားပီးသား"

"......."

"အေးအေးမင်းလဲ နားချိန်တန်နား လွှဲသင့်တာကိုအခြားလူကိုလွှဲ ကိုယ့်ကိုကိုယ်ဂရုစိုက် ဒါပဲပြောချင်တယ်"

ဖုန်းချပီးဖွားကသူ့ကိုကြည့်နေသည် အပူထဲခြေစုံမပစ်ဘူးဆိုသည့်စကားကိုဆက်ဖို့

"ဖွား ကျနော့ကိုမဆူနဲ့တော့လစ်တော့မယ်"

"ဟာ ငါဘာမှလဲမပြောရသေးပဲနဲ့"

အဖေ့ကို E_mailဖြင့် စရင်းတင်ရမာမို့ ဖွားစကားနားမထောင်ပဲ ထွက်လာလိုက်သည်

အချိန်ကနေ့လည်နှစ်နာရီ ဒီအချိန်ဖွားတရေးအိပ်နေကြ

ကာရံဖွားဆီသွားပီး

"ဖွားအိပ်တော့မာလား"

"မအိပ်သေးဘူးသမီး ပရိတ်ကြီး( ၁၁ )သုတ်ပြန်ဖတ်မလို့"

"အာ့ဆိုသမီးဆေးလိမ်းပေးမယ်နော်"

"အမလေးရပါတယ်ကွယ် ဖွားနေကောင်းပါတယ်"

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCWhere stories live. Discover now