အပိုင်း 10

4K 136 11
                                    

Unicode__

"ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန"

🦋 အပိုင်း(၁၀) 🦋

မြင့်မိုရ်ရုံးသွားဖို့ ပြင်နေတုန်း ညမလေး ကေဇင်ဟိန်းကအခန်းထဲဝင်လာပီး

"ကိုကို"

"ဟေ"

"မမကာရံကိုအိမ်ခေါ်မလာသေးဘူးလား"

"ဘာဖစ်လို့လဲညမလေးရဲ့ သူကအလုပ်တွေရှုပ်နေတယ်လေ"

"မေမေကသူ့ချွေးမလောင်းကိုမြန်မြန်တွေ့ချင်နေပီ အာ့ကြောင့်ခေါ်လာခိုင်းတာ"

သူ့ညီမကိုပါးစပ်လှမ်းပိတ်ပီး

"ရှူး မေမေ ကြားးလိမ့်မယ် တိုးတိုးပြော ကိုကိုသူ့ကိုဖွင့်မပြောရသေးပါဘူး"

"ဟာ ဘယ်ကာလထိစောင့်နေတာလဲ မေမေက ကိုကိုမစွံတိုင်း ညမလေးကိုလာလာ‌ေပြာနေတာနားတေညီးလှပီ"

"မေမေကေဘာ‌ပြောလို့လဲ"

"ညည်းအကိုကိုကောင်မလေးတယောက်လောက်ရှာပေးလိုက်တဲ့ သူအထီးကျန်‌နေတာမကြည့်ရက်လို့တဲ့"

"ဟားဟား မလိုပါဘူးကွာ မကြာခင်ကိုကို ကာရံကိုဖွင့်ပြောတော့မာပါ တခုပဲစိတ်ပူတာ ကိုကို‌ပြောလိုက်ရင်သူစိတ်ဆိုးသွားမာစိုးလို့"

"ဘာမှစိတ်မဆိုးဘူး မိန်းခလေးပဲ ကိုယ့်ကိုချစ်တယ် ကြိုက်တယ်ပြောတာကိုတော့စိတ်မဆိုးပါဘူး ညမ‌လေးကိုလဲအဲ့လို proposeလာလုပ်တဲ့သူတွေမှအများကြီး တယောက်မှမရွေးတာ ကိုယ်နဲ့ရွယ်တူတေစိတ်မဝင်စားလို့"

"တယ်ဒီကောင်မလေးကြည့်စမ်း ခလေးရှိသေးတာကိုဘာတွေလျှောက်ပြောနေတာလဲ ဒါနဲ့ညည်းက ဘယ်လိုအရွယ်မျိုးကိုစိတ်ဝင်စားတာလဲ‌ေပြာစမ်း ငါသိထားမလို့"

"ကိုကို့အရွယ်လောက်....မဟုတ်ရင် ကိုကို့ထက်၃နှစ်ကြီးတဲ့ ဦး ကိုရွေးချယ်မာ ဒါမှဆိုးလို့ရမာ ဟီးဟီး"

"ဟွန်း ရည်မှန်းချက်ကလဲ ကြီးလိုက်တာ အေးပါ ဒါပဲမလား ကိုကိုCompanyသွားတော့မယ်"

"ဟုတ်ညီမလေးကားနားထိလိုက်ပို့ပေးမယ်"

မောင်နှမနှစ်ယောက်ပုခုံးဖက်ကာမေမေ့ကိုနှုတ်ဆက်ပီးသည်နှင့် Companyကိုထွက်လာခဲ့သည်

ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန/ကြေကွဲခဲ့သောရင်တစ်စုံရဲ့မာန[Complete]OCTahanan ng mga kuwento. Tumuklas ngayon