3

4K 311 0
                                    

Unicode
_________

" အစ်မ စက်ဘီးသွားစီးရအောင် ။ "

စာကြည့်တိုက်မှ ငှားလာသော စာအုပ်ကို သည်းကြီးမည်းကြီး ထိုင်ဖတ်နေစဥ် လွန်းကလာခေါ်သည် ။

" ​ဟင် အခုလား ။ "

" အင်း "

ဖတ်လက်စ စာမျက်နှာကိုကို စာမှတ်ကဒ်ဖြင့် သေချာမှတ်လိုက်သည် ။ ထို့နောက် အရှေ့မှ ထွက်သွားသော လွန်းနောက်ကို လိုက်ရသည် ။

" အစ်မ စက်ဘီးပဲ ယူသွားရအောင် ၊ ညီမ စက်ဘီးမနင်းချင်ဘူး ။ "

စက်ဘီးစီးရအောင်လို့ ပြောလာပေမယ့် နင်းဖို့ငြင်းဆန်နေပြန်သည် ။ စက်ဘီးပေါ်တက်ပြီး ခြံဝအထိ နင်းလာပေမယ့် ဘယ်ကို ဦးတည်ရမယ်မှန်း မသိသေး ။

" ဘယ်ကို သွားချင်လဲ လွန်း "

" ကမ္ဘာအဆုံးပဲ "

ဟက်ကနဲ ရယ်ချလိုက်မိသည် ။ လွန်းက တစ်ခါတစ်ရံ စကားအဆန်းတွေ ပြောတက်သည် ။ စာအုပ် အဖတ်များ၍လားတော့ မသိ ၊ လွန်းရဲ့ စကားအများစုက လူကြီးဆန်သလို ဖြစ်နေတတ်သည် ။

စက်ဘီးနောက်ခုံကို ကိုင်ထားသည့် လွန်း၏ လက်များက နှိုင်းရဲ့ ခါးပေါ်ကို ရောက်လာသည် ။ ကျောပြင်ပေါ်သို့ မျက်နှာအပ်လိုက်ဟန်တူသည် ။ နူးညံ့မှုတစ်ချို့ကို ခံစားရသည် ။

" အစ်မ "

" ဆို "

" ညီမ အသက်အရွယ်က စိတ်ကစားတဲ့ အရွယ်လားဟင် ။ "

စက်ဘီး လက်ကိုင်ကို ကိုင်ထားသော လက်များ တင်းကြပ်သွားသည် ။ အမှန်အတိုင်း ပြောရရင် နှိုင်းကိုယ်တိုင်ပင် စိတ်ကစားသည်ဟူသော စကားလုံး၏ အဓိပ္ပါယ်ကို မသိပါ ။ ယခုအချိန်အထိ တစ်စုံတစ်ယောက်ကိုမှ သဘောကျ နှစ်သက်ခြင်း မရှိဖူးခဲ့ ။

" စိတ်ကစားတယ် ပြောရလောက်အောင် အထိတော့ မဟုတ်လောက်သေးဘူး ထင်တယ် ။ မှန်းစမ်း တစ်ယောက်ယောက်ကများ ရည်းစားစကား လာပြောထားလို့လား ၊ ပြန်ကြိုက်ဖို့ စဥ်းစားနေသလား လွန်းဟေမာန်ငယ် ။ "

" အဲ့လိုတော့လည်း မဟုတ်ပါဘူး ။ "

ခပ်တိုးတိုးအသံပေမယ့် သိသာစွာ တိုးဝင်သွားတာကို သတိထားမိလိုက်သည် ။

Once Upon On UsWhere stories live. Discover now