16

3.7K 256 15
                                    

Unicode
________

" နိုက်ဂျူတီ ရှိလား Andy "

နှိုင်းမခက ကန္တာ့၏ မေးခွန်းကို ခေါင်းခါပြသည် ။ လက်ထဲက စာအုပ်ကိုတော့ မချ ။

" အိမ်လိုက်ခဲ့ "

" ဟင် "

" အာ အိမ်မှာ အမျိုးတွေရောက်နေလို့လေ "

နှိုင်းမခက ကန္တာ့ကို တအံ့တသြဖြင့် ပြန်ကြည့်သည် ။

" နင့် အိမ်မှာ အမျိုးတွေ ရောက်နေတာက ငါနဲ့ ဘာဆိုင်လို့လဲဟင် "

" ငါ့မွေးနေ့ကို လာကြတာ ၊ လက်ချည်ပွဲကိုပါ တစ်ခါတည်းလုပ်ပေးမလို့တဲ့ ။ ငါငယ်ငယ်က တစ်ခါပဲ လုပ်ဖူးတာ "

"  အာ နင် ပြောပြဖူးတဲ့ လက်ချည်ပွဲလား "

" တော်လိုက်တာ ငါ့ Andy လေးက ၊ အဲ့ဒါကြောင့် ချစ်နေရတာ ။ "

နှိုင်းမခ၏ ရယ်သံ လွင်လွင်များက အမှန်တကယ်ပင် ချစ်ဖို့ ကောင်းလွန်းသည် ။ ကန္တာ့၏ ကျရှုံးရာ အမှတ်အသားတစ်ခုဆိုလည်း မမှားချေ ။

" အဲ့ဒါ နင်တို့ကို ခေါ်သွားမလို့ ၊ ရုံးဆင်းချိန်ကျ အတူသွားကြတာပေါ့ ။ "

" အင်း သူရာ့ကိုလည်း ပြောလိုက်ဦး "

နှိုင်းမခက ဖတ်လက်စ ဆေးစာအုပ်ဆီသို့ အာရုံ ပြန်ရောက်သွားသည် ။

" Emily ရဲ့ Funeral တုန်းက ငါ Harvard မှာ ကိစ္စတစ်ခုရှိလို့ မလာဖြစ်တာ ၊ နင် ရောက်နေတယ်ကြားလို့ အလုပ်တွေ အမြန်အပြီးသတ်ပေမယ့် နင်က ၃ရက်နဲ့ ပြန်သွားတယ်တဲ့ "

" ဒီမှာလည်း အလုပ်တွေက ပစ်ထားခဲ့လို့ မရဘူးလေ ကန္တာရဲ့ ၊ နင့်ကို မဆက်သွယ်တာကသက်သက်မဲ့ အလုပ်ရှုပ်နေမှာစိုးလို့ "

နှိုင်းမခက တစ်ဖက်သားအတွက်လည်း ဖြည့်တွေးပေးတတ်သူ ဖြစ်သည် ။ မှတ်မှတ်ရရဆိုလျှင် နှိုင်းမခကို ကျောင်းစာကြည့်တိုက်တွင် စတွေ့ခဲ့ခြင်းဖြစ်သည် ။ ဟားဗက်စ် တက္ကသိုလ်၏ ကျယ်ပြောလှသော စာကြည့်တိုက်သို့ နေ့စဥ်မပြတ် လာတတ်သော နှိုင်းမခနှင့် စာလုပ်ချင်စိတ်မရှိသော အချိန်များတွင် အတန်းလစ်ကာ စာကြည့်တိုက်တွင် လာအိပ်တတ်သော သူမ၏ တွေ့ဆုံမှုက အနည်းငယ်တော့ အူကြောင်ကြောင်နိုင်သည် ။

Once Upon On UsWhere stories live. Discover now