8

3.6K 318 16
                                    

Unicode
_________

" လွန်းငယ် သက်သာရဲ့လား "

နှိုင်း၏ မေးခွန်းကိုပင် ပြန်မဖြေနိုင်ဘဲ ထပ်အန်ချပြန်သည် ။ နှိုင်းမှာ လွန်းကို အနောက်မှ ကျောထုပေးလိုက် ရေတိုက်လိုက်ဖြင့် အလုပ်ရှုပ်နေရသည် ။

" ငါ ပြောတယ်မဟုတ်လား ၊ အဲ့ကလေးမ စွတ်စားနေတာ အန်ထွက်တော့မှာပဲလို့ ။ အခုတော့ အန်ပြီမလား "

" နင် တိတ်တိတ်နေစမ်းပါ ဝတီဟေမာန်ရာ ၊ ကလေး​က နေမကောင်းရကြားထဲ "

ဝတီက ရေချိုးခန်းရှေ့ ခါးထောက်ရပ်နေရင်းဖြင့် ပြန်ထွက်သွားသည် ။

" လွန်း ပလုတ်ကျင်းလိုက် "

လွန်းက နှိုင်းပေးသော ရေဘူးကို ယူသောက်လိုက်သည် ။

" မူးတယ် "

" မူးတယ် ? လာ အိပ်ရာပေါ် ပြန်သွားရအောင် ။ "

လွန်းက နှိုင်းကို အမှီပြု၍ လမ်းလျောက်သည် ။ နုံးချိနေရှာသော လွန်းကို ကြည့်၍ နှိုင်းလည်း စိတ်မချမ်းသာ ။ တစ်နေကုန် လျောက်လည်ပြီး စျေးထဲ ရှိသမျှ လက်ညိုးထိုးနေသော လွန်းကို အလိုလိုက်မိသည့်အတွက် နှိုင်းမှာ ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေမိသည် ။

" လွန်း ဘယ်လိုနေသေးလဲ မမ "

" အိပ်သွားပြီ လမင်း "

လမင်းက ရေဘူးတစ်ဘူးကို ကမ်းပေးသည် ။

" ဝတီ ၊ ငါ ဒီည လွန်းနဲ့ ရန်ကုန်ပြန်မယ် "

" ဟ ကားလက်မှတ်က သဘက်ခါမှလေ "

" မဟုတ်ဘူး ၊ ဒီမှာ ဆေးရုံ၊ဆေးခန်းရှာရခက်တယ် ။ ငါနဲ့သူရာကလည်း ပို့စတင်တောင် ဆင်းရသေးတာ မဟုတ်ဘူး ။ ငါတို့လက် ငါတို့ခြေနဲ့ဆို မဖြစ်ဘူး ။ ငါပြန်ပြီး လွန်းကို ဆေးရုံဖြစ်ဖြစ် တင်လိုက်မယ် "

" အန်တာလောက်နဲ့ ဆေးရုံသွားစရာမလိုပါဘူး နှိုင်းရာ "

" အထက်လန်အောက်လျှောဖြစ်သွားလိမ့်မယ် ။ ​အခု လွန်း ကိုယ်တွေ ပူနေပြီ ၊ ​ဒီည အဖျားတက်ရင် ပိုဆိုးလိမ့်မယ် ။ "

ဝတီက ညီမဖြစ်သူ၏ နဖူးကို စမ်းကြည့်သည် ။

" နင်​ တစ်ယောက်တည်းတော့ သူနဲ့ ဘယ်ဖြစ်မလဲ ၊ ငါပါ လိုက်ရမှာပေါ့ ။ "

Once Upon On UsWhere stories live. Discover now