34

3.6K 284 21
                                    

Unicode
_______

" အစ်မကို မီးဖိုချောင်ထဲ မဝင်နဲ့လို့ပြောတယ်မလား ! "

ထမင်းစားပွဲမှာ ငြိမ်ငြိမ်လေးထိုင်ပြီး အဆူခံနေရပေမယ့် စိတ်ထဲမှာတော့ ကြိတ်ပြီး ကျေနပ်နေသူ နှိုင်းပင် ။

" ဘာမှ လုပ်စရာမလိုဘူးလို့ ပြောတယ်လေ ၊ အဲ့လက်တွေကို အသုံးဝင်မယ့် နေရာမှပဲ အသုံးချစမ်းပါ ။ "

နှိုင်းဖွထားသမျှ မီးဖိုချောင်သုံးပစ္စည်းများကို ရှင်းနေရသော်လည်း ပွစိပွစိဖြင့် ပြောနေတာကတော့ မရပ်ပေ ။

" ဒီထက် ပိုထိသွားရင် ဘယ်လိုလုပ်မလဲ ၊ လူက တစ်ပတ် ၄ရက်လောက် ခွဲခန်းဝင်နေရတာ ။ "

" ဒီတစ်ပတ်က operation မရှိပါဘူး "

" ပြန်ပြောပြန်ပြီ "

ဘယ်ဘက်လက်က ဓားဒဏ်ရာသေးသေးလေးကို ကြည့်ပြီး ပြုံးမိပြန်သည် ။ ဒဏ်ရာကတော့ တကယ့်ကို မပြောပလောက်တဲ့ အနေအထားပင် ။ နောက်လည်း လှည့်မကြည့်ပဲ တစ်ယောက်တည်း ပြောချင်ရာ စွတ်ပြောနေသော ကလေးမက အလွန်အမင်းပင် ချစ်စရာကောင်းနေသည် ။ ထိုကျောပြင်ကို ထွေးပွေ့လိုက်ချင်စိတ်က တားမရ ။

စိတ်မထိန်းနိုင်စွာဖြင့် အနောက်မှ သိုင်းဖက်လိုက်မိသည် ။ ဘေးတစောင်းမြင်နေရသည့် လွန်း၏ ပါးကို ဖြတ်ခနဲ လှမ်းနမ်းတော့ ကလေးမက ရှောင်သည် ။

" ရယ်မနေနဲ့နော် နှိုင်းမခ ၊ ဆူနေတာကို လေးစားသမှုလေး ရှိဦး ။ "

နှိုင်း၏ လက်ကိုဖြုတ်ချကာ အပြင်ကို ထွက်သွားပြီး ​လွန်းပြန်ဝင်လာတော့ လက်ထဲတွင် အနာကပ် ပလါစတာတစ်ခုပါလာတယ် ။

" ပေး လက် "

အသံထွက်အောင် ခစ်ခနဲ ရယ်ချလိုက်တော့ မျက်စောင်းတစ်ခုက ဒိုင်းကနဲ နှိုင်းရဲ့ နှလုံးသားကို ပြေးစောင့်တယ် ။

" ပျော်နေတာလား ဟုတ်လား ။ "

" အင်း "

" ဘာပြောတယ် ! "

" ဒီလောက်ထိ တန်ဖိုးထားရမယ့် လူဆိုတာ ထပ်ပြီး ပေါ်လာခဲ့မယ်လို့ မထင်ထားခဲ့ဘူး ။ အမှန်အတိုင်းပြောရရင် လွန်းမဟုတ်တဲ့ တခြားလူကို လွန်းကို ပေးခဲ့ဖူးသလောက် အချစ်တွေကို ဘယ်တော့မှ မပေးဘူးလို့ ဆုံးဖြတ်ထားခဲ့တာ ။ ထပ်ပြီးရောက်လာတဲ့ ဂရုစိုက်စရာ လူကလည်း လွန်းငယ် ဖြစ်နေတော့ အရမ်းပျော်တယ် ။ "

Once Upon On UsWhere stories live. Discover now