35

3.8K 286 8
                                    

Unicode
_______

" ဒါဆို နှလုံးလေဟပ်တဲ့ လူနာအတွက် အသက်ရှင်ဖို့ နည်းလမ်းရှိလား ဒေါက်တာ "

" အသက်ရှင်ဖို့ နည်းလမ်းက ရှိပါတယ် ၊ ဒါပေမယ့် ရာခိုင်နှုန်းက အရမ်းနည်းတယ် ။ percentအနေနဲ့တော့ မတွက်ပြတော့ဘူး ၊ အရမ်းကိုအသက်ရှင်ဖို့ နည်းလွန်းတယ် ၊ ကံကောင်းရင်တော့ ကယ်နိုင်မှာပေါ့လေ ။ "

" ဒေါက်တာဆိုရင်တော့ သေချာပေါက် ကကယ်နိုင်မှာပေါ့ ။ "

နှိုင်းက ခပ်ဆဆပြုံးကာ ခေါင်းခါပြလိုက်သည် ။

" ဟင့်အင်း ၊ တို့ရဲ့ ဆရာတောင် မလုပ်နိုင်ဘူး ။ ဒီ case က ဆရာဝန်ရဲ့ နားလည်တတ်ကျွမ်းမှုနဲ့တင်မဟုတ်ဘူး လူနာရဲ့ ကံနဲ့လည်း ဆိုင်တယ် ။ "

' အစ်မ .... '

" အာ လွန်းဟေမာန်ငယ်ရာ .... "
" ဖယ်လိုက်စမ်းပါ ငါတို့ အလုပ်အကြောင်းပြောနေတယ်လေ ။ "
" ငါ့ဒေါက်တာ ပေါင်ပေါ်က အခု ထွက်သွားးးးလို့ ​"
" ဒေါက်တာ နေသူရာ zoom ကနေ လှမ်းပြီး ပါးရိုက်လို့ရတဲ့ နည်းရှိလား "

မှန်သားမျက်နှာပြင်မှ တားဆီးသံများက အချိုးမကျစွာ အစီအရီ ထွက်ကြလာသည် ။ အကြောင်းမှာ သူမရဲ့ အိမ်သူသက်ထားလေးက အခုမှ အိပ်ယာနိုးပြီး သူမပေါင်ပေါ်တက်ကာ ကပ်ချွဲနေသောကြောင့်ပင် ။

" နင်တို့ မနာလိုဖြစ်နေတာ သိသာလွန်းတယ်နော် ၊ ဘာလဲ နှိုင်းမခက ငါ့အပိုင်ဖြစ်နေလို့လား ။ "

အိပ်ချင်မူးတူးဖြင့်ပင် လှမ်းရန်တွေ့လိုက်သေးသည် ။

" အောင်မာ ၊ ငါတို့က ဘာမှ မနာလိုစရာအကြောင်းမရှိဘူး ၊ နင်က ငါတို့ အလုပ်ကို ဝင်နှောင့်ယှက်နေတာလေ ။ "

" နင်တို့ အလုပ်က တစ်ပတ်လုံးမှာမှ တစ်ရက်ပဲ နားရတဲ့ ငါ့ရည်းစားကို နှစ်နာရီလောက် Zoom နဲ့ ခေါ်ပြီး ဒုက္ခပေးဖို့လား ။ "

လည်ပင်းကို သိုင်းဖက်ထားတဲ့ လက်ကို မဖြုတ်ပဲ ရဲရင့်မင်းနှင့် စကားအချေအတင်ဖြစ်နေပြန်သည် ။

" ကဲ လွန်းငယ် ၊ မီးဖိုခန်းထဲက စားပွဲပေါ်မှာ မနက်စာ ပြင်ပေးထားတယ် ။ သွားစားတော့ ၊ ၁၀နာရီထိုးအောင် ဘယ်လို အိပ်နိုင်ရတာလဲ ။ "

Once Upon On UsWhere stories live. Discover now