20

4.4K 308 13
                                    

Unicode
_______

" အာ shit "

နွေကန္တာဦး၏ ​ေစောစီးစီး အဆဲစကား​ဖြင့် မနက်ခင်းကို စတင်ရသည်ည် ။

" ကန္တာ ဘာတွေ ဖြစ်နေတာတုန်း "

" ကြိုးပြတ်သွားလို့ဟေ့ ၊ ပြတ်သွားလို့ "

နှိုင်းမခက ကော်ဖီခွက်ကို ကိုင်ကာဖြင့် ကန္တာ့ နံဘေးသို့ ရောက်ရှိလာသည် ။

" ပေး ငါ ပြန်ချည်ပေးမယ် "

လွန်ခဲ့သော ဆယ်ရက်ခန့်က သူမချည်ပေးခဲ့သော အဖြူရောင်ကြိုးလေးမှာ ပြုတ်ထွက်သည်ပင် မမြည်နိုင်အောင် ပြတ်ကျသွားရသည် ။

" Andy "

" ဟေ "

" ဒီကြိုး ပြတ်သွားသလို နင်နဲ့ငါရော ... "

" ဟားဟား "

အသံထွက်အောင် ထရယ်သော နှိုင်းမခကြောင့် ပြောလက်စ စကားကိုပင် ကန္တာ့မှာ ဆက်မပြောနိုင်ရှာတော့ ။ နေသူရာသာ ရှိနေလျှင် လှောင်ရယ်မှာ အသေချာပင် ။ သို့သော် နိုက်ဂျူတီကျသော နှိုင်းမခမှလွဲ၍ မည်သူမျှ မရောက်သေးသော မနက် ၇နာရီ အချိန်ဖြစ်နေသည် ။

ကန္တာက ဘာလို့ ရောက်နေတာလဲဟု ဆိုပါလျှင် ညကတည်းက မပြန်ရသေးတာ ဖြစ်သည် ။ နေမကောင်းဖြစ်ပြီးသည့် နောက်ပိုင်းမှ စ၍ နှိုင်းမခကို မျက်စိအောက်ကပင် အပျောက် မခံချင်တော့ ။ သို့သော် ကိုယ်ပိုင်အချိန်ကို အလွန်သဘောကျတတ်သော နှိုင်းမခကြောင့် အချိန်ပြည့်တော့ ကပ်မနေနိုင်ရှာ ။

" နင့်ကို သေးသေးလေး ခေါက်သိမ်းထားလို့ ရရင် ကောင်းမယ် သိလား ၊ အိတ်ကပ်ထဲ ဟောသည်လို ခေါက်ထည့်ပြီး သွားလေရာ ခေါ်သွားလို့ရအောင် "

ကန္တာ၏ လက်​ဟန် ခြေဟန် ဘာသာစကားကိုလည်း နှိုင်းမခက သဘောတကျ ရယ်ပါသည် ။ အသက်ရှူခြင်းဟူသော လုပ်ငန်းဆောင်တာကိုသာ လုပ်နေသော်လည်း နှိုင်းမခသည် အလွန်အမင်းကို လှပလွန်းနေသည် ။ ပြုံးရယ်လိုက်သော အခါများတွင်တော့ နေ့ခင်းဘက် မတွေ့နိုင်သော ကြယ်များကို နှိုင်းမခ၏ မျက်ဝန်းများတွင် ရှာတွေ့နိုင်သည် ။ ကော်ဖီခါးခါးတစ်ခွက်ကို ရှေ့ချထားလျှင်တောင် ထိုအပြုံးက သကြားထက်ပင် ချိုသွားစေသည် ။

Once Upon On UsWhere stories live. Discover now