14

3.7K 286 7
                                    

Unicode
_________

" ဟိုဟာ ခ ... "

" နင် တစ်နေကုန် ငါ့နာမည်ပဲ ခေါ်နေတော့မှာလား နေသူရာရေ ၊ နင့်မှာ လုပ်စရာအလုပ်မရှိဘူးလား ။ ဆရာဝန်မလုပ်တော့ဘူးလား ၊ အလုပ်လုပ်မစားတော့ဘူးလား ။ တောင်းစားတော့မှာလား ။ "

ဘေးက ထိုင်ဟားမယ့် လူတစ်ယောက်မှ မရှိ၍သာ တော်သေးသည် ။ လူရှေ့သူရှေ့ဆိုလျှင် စကားပင် လေးလုံးကွဲအောင် မပြောသော်လည်း နှစ်ယောက်တည်း ရှိပါက ထိန်း၍ပင်မရတော့ ။ ယခုလည်း သူရာ့ခမြာ နှိုင်းမခ၏ တံတွေးခွက်ထဲ လက်ပစ်ကူးရတော့မည့် အဖြစ်သို့ ရောက်လုဆဲဆဲ ဖြစ်နေသည် ။

" ကိုစိုင်းက __ "

" မသွားဘူးလို့ ပြောနေတယ် ၊ နင်ဘယ်လို ဖြစ်နေသလဲ ။ "

" မကောင်းတတ်လို့ပေါ့ဟာ ၊ လူနာရှင်တစ်ယောက်အနေနဲ့ နင့်ကို ကျေးဇူးတင်စကား ပြောချင်တာလေးပဲဟာကို ၊ ခဏလောက်တော့ တွေ့လိုက်ပါ ။ နောက် ၂ရက်ဆို သူ့ညီလည်း ဆေးရုံဆင်းပြီပဲဟာကို ။ ထပ်တွေ့စရာ မရှိတော့ဘူးလေ "

နှိုင်းမခက မည်သည်ကိုမျှ မတုံ့ပြန်တော့ဘဲ သူရာ့ကို စိုက်ကြည့်လာသည် ။

" နေသူရာ "

" ... "

" ဟင်း ညနေ ဂျူတီပြီးရင် ငါသွားတွေ့လိုက်မယ် "

နှိုက်းမခ၏ သက်ပြင်းချသံနောက်တွင် အဖြေတစ်ခုက ကပ်ပါလာသည် ။

" ခေါင်မိုးထပ်ကို ... သွားလိုက် ၊ သူ အဲ့မှာ ညနေတိုင်း နင့်ကို စောင့်နေတာတဲ့ ။ "

" လူကြီးတွေက ဒီလို အူကြောင်ကြောင်ကောင်ကိုမှ ဘာလို့ ငါနဲ့ ယူစေချင်နေလဲ မသိတော့ဘူး တကယ် "

နှိုင်းမခသည် တစ်ခါတစ်ရံများတွင် ဤသို့ စကားများဖြင့် စနောက်ာက်တတ်သေးသည် ။ လူတွေ မသိသော နှိုင်းမခ၏ နူးညံ့မှုတစ်ခုပင် ဖြစ်သည် ။ သူမ၏ ပြောင်းလဲမှုများကို တောက်လျောက် မြင်လာရသည်နှင့် တစ်ပြိုင်နက် သနားလည်း သနားမိသလို အပြစ်လည်း မဆိုရက် ။ နှိုင်းမခ၏ အပြုအမူများအား တစ်စုံတစ်ယောက်က အပြစ်တင်စကားဆိုလာပါက ထိုသူအား နာကျင်မှုကို မခံစားဖူးသူဟု သူရာက သတ်မှတ်လိုက်ပေမည် ။  နှိုင်းမခ၏ ဒဏ်ရာအချို့သည် ယခုတိုင် ကျန်ရှိနေနိုင်သေးသည် ။  ဤ နေရာကို ပြန်လာပြီး သူမ၏ ဒဏ်ရာများ အသစ်တစ်ဖန်ပြန်လည် ဖြစ်ပေါ်လာမည်ကိုတော့ သူရာ မလိုလားပါ ။ နှိုင်းမခ၏ အကြောက်တရားသည် နှိုင်းမခ၏ ဘေးသို့ ရောက်ရှိလာချေပြီ ။ သို့မဟုတ် နှိုင်းမခကိုယ်တိုင်က ထိုအကြောက်တရား၏ ဘေးသို့ အရဲကိုးကာ ပြန်လာခြင်းလည်း ဖြစ်နိုင်သည် ။ နှိုင်းမခ၏ စိတ်ကို မဖတ်တတ်ခြင်းမှာတော့ ယခင်အတိုင်းသာ ဖြစ်သည် ။

Once Upon On UsWhere stories live. Discover now