6

3.5K 279 1
                                    

Unicode
________

" ဟဲ့ ဝတီဟေမာန် ၊ ထ ထ ။ လွန်းအတွက် အောင်စာရင်း သွားကြည့်ကြမယ် ။ "

ခန္ဓာကိုယ်ကို လှုပ်ကိုင်ပြီး နှိုးနေသော နှိုင်းမခကြောင့် ဝတီ့မှာ အိပ်ချင်မူးတူးဖြင့် အသံပြန်ပြုလိုက်ရသည် ။ မဟုတ်လျှင် ကုတင်ပေါ်က ပြုတ်ကျအောင် ကန်ချပေလိမ့်မည် ။

" ဟင် အခု ဘယ်နှနာရီထိုးပြီလဲ ။ "

" ၄နာရီခွဲ "

" ဘာပြောတယ် ! ၄နာရီခွဲကို နင့်ကြီးတော်က အောင်စာရင်းသွားကြည့်လို့လား ။ "

" အောင်စာရင်းက ညကတည်းက ကပ်ထားတာ ၊ ဒယ်ဒီဆူမှာစိုးလို့ ငါမသွားတာ ။ ကဲ ထပါဆို "

" အာ အိပ်ဦးမယ်ဟာ ၊ နင်ကြည့်ချင်ရင် လွန်းဟေမာန်ငယ်ကို သွားနှိုး "

" ကလေးက အိပ်နေတယ်လေ "

" နင့်ကြီးတော် ငါလည်း အိပ်နေတာလေ "

" နင်က အိပ်နိုင်သေးတယ်နော် ၊ ငါဆို တစ်ညလုံး အိပ်လို့တောင်မပျော်ဘူး ။ "

မည်သို့ပင် ငြင်းဆန်နေစေကာမူ ဝတီ့မှာ နှိုင်း၏ ကောင်းမှုဖြင့် ရေချိုးခန်းထဲသို့ ရောက်လာပြီ ဖြစ်သည် ။

" စာမေးပွဲဖြေထားတာ ငါလည်း မဟုတ်ပဲနဲ့ ၊ နင့်မေ ... "

" တီလေးတို့တောင် နိုးနေပြီဟာကို "

" ကာယကံရှင်က အိပ်တုန်းလေ "

" အစောကြီးရှိသေးတာကို အိပ်မှာပေါ့ "

" အဲ့ဒါ ငါ့ကို ဘာလို့ လာနှိုးလဲ ! "

" အာ မမတို့နှစ်ယောက် ရန်ဖြစ်လို့ ပြီးဦးမှာလား "

တစ်ဖက်ခန်းမှ လွန်း၏ လှမ်းအော်သံကို ကြားရပြီးနောက် သူငယ်ချင်းနှစ်ယောက် ချက်ချင်း အသံတိတ်သွားသည် ။

" ငါ လွန်းကို သွားခေါ်ဦးမယ် "

" ကြွ ကြွ "

ဝတီ့ကို ရေမြန်မြန်ချိုးရန် သတိပေးပြီးနောက် လွန်းအခန်းသို့ ကူးလာခဲ့သည် ။ ကုတင်ပေါ်တွင် စောင်တခြား လူတခြားဖြင့် ကွေးကွေးလေး အိပ်နေသော လွန်းကို တွေ့လိုက်ရသည် ။ အသံမထွက်စေရန် ခြေကိုဖော့ပြီး အနားသို့ တိုးသွားလိုက်သည် ။

Once Upon On UsWhere stories live. Discover now