5

3.6K 291 4
                                    

Unicode
________

" ခ မနေ့က ငါအတန်းပျက်ထားလို့ ၊ အဲ့ဒါ ... "

" ရော့ ရော့ ၊ အဲ့မယ် နင့်အတွက် ပြန်ကူးပေးပြီးသား ။ Tuto ချိန်တော့ မပျက်နဲ့နော် ၊ နေကောင်းသွားပြီလား ။ "

ပြောပြောဆိုဆိုဖြင့် နှိုင်းမခ၏ နူးညံ့ညံ့ လက်ဖဝါးက သူရာ့၏ နဖူးပေါ်သို့ ​ညင်သာစွာ ကျရောက်လာသည် ။

" နှာစေးတာနဲ့ အဟမ်း ... ချောင်းနည်းနည်းကျန်နေတာက လွဲရင် သက်သာပါတယ် ။ စာကူးပေးထားတာ ကျေးဇူးပါပဲ ၊ နောက်နေ့မှ မုန့်လိုက်ဝယ်ကျွေးမယ်။  ဝတီနဲ့တောင် တွေ့မိသေးတယ် ၊ လွန်းနဲ့ ရန်ဖြစ်နေပြန်ပြီ ၊ လွန်းကို စာမေးနေတာ မရလို့ ထင်တယ် "

" အေး အရင်လက စာမေးပွဲမှာ မြန်မာစာက ၅၀ကျော်ပဲ ရတယ်လေ ၊ သင်္ချာက ကျတယ် ။ အဲ့တော့ ဝတီ စိတ်တိုပြီး သူ့ညီမကို အသေမောင်းနေတာ ။ "

" Bio ကရော "

" Bio ကတော့ သိပ်မဆိုးပါဘူး ၊ ဖြေနိုင်တဲ့ပုံပဲ ။ လာ ငါတို့ ဝတီ့ဆီသွားရအောင် ။ "

ထို့နောက် နှိုင်းမခက အရှေ့မှ အရင်ဦးစွာ ထွက်သွားသည် ။ သူရာလည်း သူမ အနောက် ခပ်လှမ်းလှမ်းဆီမှ လိုက်ခဲ့သည် ။

" ဝန်ကြီးပဒေသရာဇာ ဘယ်မှာသေတာ "

" ကမန်ပိုက် "

" နင့်ကြီးတော်ကြီးကို ကမန်ပိုက်မှာ သေခိုင်းပါလား ၊ သန်လျင်မှာ သေတာဟဲ့ "
" ထားတော့ နောက်တစ်ခု ၊ ဦးမောင်ကြီးကို သိပ္ပံမောင်ဝက ဘယ်သူနဲ့ တူတယ်လို့ ပြောတာလဲ ။ "

" ဆာဝါပလာတာစကော့ "

" ဘာ ! "

" အဲ မှားလို့ ဆာဝါလတာစကော့ "

" လွန်းဟေမာန်ငယ်ရယ် ၊ ငါရူးချင်လာပြီ နင်တစ်ကောင်နဲ့ "

" တော်ပြီဗျာ မမ မမေးပေးနဲ့တော့ ၊ အစ်မ စာမေးပေး "

သူမတို့ ညီအစ်မနှစ်ယောက်အဖြစ်ကို ကြည့်ကာ ရယ်ရခက် ငိုရခက်ဖြစ်နေသော နှိုင်းမခနှင့် သူရာကို တွေ့သွားကြသည် ။ လွန်းက ဝတီ့လက်ထဲမှ စာအုပ်ကို ဆွဲယူပြီး နှိုင်းမခကို ပေးသည် ။

" မေးခွန်းတိုလေးတွေ မေးပေး ။ မမ ဒိုးတော့ ။ အစ်မ ဒီမှာ လာထိုင် ။ "

Once Upon On UsWhere stories live. Discover now