12

3.5K 288 10
                                    

Unicode
_________

" ဒေါက်တာ နှိုင်းမခရဲ့ ခွဲစိတ်မှုတွေကို ရက်ရွေ့ထားပေးပါ ။ သူတာဝန်ယူထားတဲ့ လတ်တလော ခွဲစိတ်လူနာတွေကို ကျွန်တော် ကိုယ်တိုင် ခွဲစိတ်ပါ့မယ် ။ "

သုံးရက်အကြာတွင် နှိုင်းမခတို့ ပြန်ရောက်လာသည် ။ သုံးရက်အတွင်း သိသိသာသာ  ချောင်ချသွားသော မျက်တွင်းတွေကြောင့် စိုးရိမ်ရေမှတ်ကလည်း တိုးလာသလို သိချင်စိတ်ကိုလည်း တားလို့မရတော့ ။

မနေ့တစ်နေ့က အထိ အလုပ်ထဲ စိတ်မပါသလိုပင် ။ အခုတော့ နေသူရာက နှိုင်းမခရဲ့ ခွဲစိတ်မှုတွေကိုပါ ရွေ့ဆိုင်းပြီး နားရက်ယူပေးနေပြန်သည် ။

လင်းခန့်မောင် ၊ ပိုးဖြူနှင့် လွန်းတို့ သုံးယောက် နားနေခန်းမှာ ခပ်ကုတ်ကုတ်လေး ထိုင်ပြီး ဘာသံမှ မထွက်ရဲကြ ။ မျက်နှာကို လက်ဖြင့် အုပ်ထားပြီး သက်ပြင်းခဏခဏချနေသော နှိုင်းမခကြောင့် သုံးယောက်လုံး နေရခက်စွာ တိတ်ဆိတ်နေကြသည် ။

ဂျူတီပြန်ဝင်ရန် အချိန်ကိုသာ မြန်မြန်ရောက်စေရန် ဆုတောင်းနေရသည် ။ နေသူရာ၏ ဖုန်းပြောသံမှ လွဲ၍ တခြား အသံဟူသည် မရှိ ။

" ခ နင်တကယ် ဂျူတီ ဝင်မှာလား ။ ငါ အစားဝင်ပေးပါ့မယ် ။ နင် နားလိုက်ပါဦး ။ "

" ဟင့်အင်း ၊ မနားတော့ဘူး ။ "

နှိုင်းမခက ဘယ်ဘက်လက်မှ နာရီကို ​ငုံ့ကြည့်သည် ။ ထို့နောက် သက်ပြင်းကို ထပ်ချသည် ။

" Round လှည့်ရတော့မယ် ၊ သွားရအောင် ။ "
" ဟိုသုံးယောက် ၊ ဂျူတီ ဘယ်အချိန်လဲ ။ "

" ကျွန်တော်တို့ ဂျူတီက ညနေမှ ဒေါက်တာ ။ "

" လိုက်ချင်ရင် လိုက်ခဲ့ကြ ။ "

နားချိန်ကုန်​ဖို့ အချိန်လိုသေးသော်လည်း ထိုင်နေရတာထက်စာရင် လူနာကြည့်ရတာက ပိုပြီး သက်သောင့်သက်သာ ဖြစ်သည်ဟု တွေးကာ သုံးယောက်သား ထလိုက်သွားကြသည် ။

ပင်ပန်းနေဟန်ရသော်လည်း အလုပ်ကိုတော့ စိတ်မလွတ်စေပေ ။ ဤသည်မှာလည်း နှိုင်းမခ၏ အရည်အချင်းတစ်ခု ဖြစ်သည် ။

ရောဂါအခြေအနေကိုများကို စစ်ဆေးပြီးသည့် အချိန်တွင် အတော်အတန် ပင်ပန်းသွားကြသည် ။

Once Upon On UsWhere stories live. Discover now