43 { Final }

6.6K 327 51
                                    

Unicode
_______

နားထင်မှ တဆစ်ဆစ်ထိုးနေသော ဝေဒနာကြောင့် ဆက်မအိပ်နိုင်တော့ ။ မျက်လုံးကိုပင် မဖွင့်ချင်ဖွင့်ချင်ဖြင့် အားတင်းကာ ဖွင့်လိုက်ရသည် ။ သို့သော် သူမသည် .... နှိုင်းမခ၏ ရင်ခွင်ထဲသို့ ရောက်နေသည် ! မျက်စိရှေ့ မြင်နေရသော မေးဖျားကို ကြည့်ကာ ငိုချလိုက်ချင်စိတ်ကို ထိန်းမရ ။ နှိုင်းမခသည် ယခုတိုင် သူမ၏ ခံစားချက်များကို ဆော့ကစားနေခြင်းပင်လား ။

" အဲ့လို ငိုနေရင် ပိုခေါင်းကိုက်လိမ့်မယ် လွန်းငယ် "

" အစ်မ "

" အင်း ဒါပေမယ့် အစ်မကို ဒီလိုမျိုးလေး ငါးမိနစ်လောက်ပဲ နေခွင့်ပေးပါဦး "

အိပ်မက်ဟု တွေးထင်လိုက်မိသည် ။ သို့သော် အိပ်မက်ဆိုလျှင်တောင် မနိုးထချင်တော့ပါ ။

" အဲ့လို ငိုနေရင် ခေါ်လာရတဲ့လူက ဘယ်လိုနေရမှာလဲ ပြော "

နှိုင်းမခက လွန်းကို ရင်ခွင်ထဲမှဆွဲထုတ်ရန်အတွက် ပုခုံးကို လာကိုင်သည် ။

" မလှုပ်နဲ့ "

" ဟင် "

" မလှုပ်နဲ့လို့ ၊ တကယ်လို့ ဒါက အိပ်မက်တစ်ခုဆိုရင် လှုပ်လိုက်တာနဲ့ နိုးသွားလိမ့်မယ် ။ မနိုးချင်ဘူး "

ဟက်ခနဲရယ်သံကို ကြားရသည် ။ နှိုင်းမခ၏ ခါးကို ဖက်ထားသော လက်များကို မရုတ်သိမ်းမိ ။

" ဒီအခြေအနေက အိပ်မက်ဖြစ်နိုင်လို့လား "

မည်သည့်အခြေအနေကို ရည်ညွှန်းပါသလဲဟုဆိုလျှင် အဝတ်အစားမပါဘဲ စောင်ထူထူထဲ နစ်မြုပ်နေသော နှစ်ယောက်စလုံး၏ အခြေအနေများကို ပြောနေခြင်းဖြစ်သည် ။ ကြမ်းပြင်တွင် ပြန့်ကြဲနေသော အင်္ကျီများကို သတိထားမိသည် ။

" ဟိုနေ့ညဖြင့် လူကို ရစရာမရှိအောင် ပြောဆိုထားပြီးတော့ အခုကျ အိပ်မက်ဖြစ်မှာကို ကြောက်နေပြန်ရော "

" အဲ့နေ့က မူးနေတာကိုလို့ "

" ထားပါ ၊ ဒါပေမယ့် အခုကို အိပ်မက်မဟုတ်ကြောင်း အစ်မက ထပ်ပြီး သက်သေပြပေးမယ် "

သူမ၏ ခါးပေါ်မှ လွန်း၏ လက်ကို ဖြုတ်ကာ စောင်အောက်သို့ တိုးဝင်သွားသော နှိုင်းမခကြောင့် လွန်းမှာ နှုတ်ခမ်းများကို ကိုက်ထားလိုက်မိသည် ။ တိမ်စိုင်တစ်ခု၏ အကူအညီဖြင့် တိမ်များပေါ် ရောက်နေရသော ခံစားချက်ပင် ။

Once Upon On UsWhere stories live. Discover now