31

3.4K 255 2
                                    

Unicode
_______

" အပြင်လူ ဝင်ခွင့်မရှိပါဘူး ၊ လူနာရှင်က ဒီမှာနေခဲ့ပေးပါ "

ကုတင်ဘောင်က လက်တွေက ထုံကျဉ်နေတယ် ။ လက်မလွှတ်လိုက်နိုင်ဘူး ၊ အထဲ ဝင်ခွင့်ရအောင် ရှင်းပြရမှာပေမယ့် အသက်ကိုတောင် မနည်းပြန်ရှူနေရတဲ့ အခြေအနေ ။

" ကျွန်မ ... "

" လူနာရှင် အထဲ ဝင်လို့မရပါဘူး ၊ လက်ကို လွှတ်လိုက်ပါ ။ "

" ကျွန်မ ခွဲစိတ်အထူးကု... ဒေါက်တာ နှိုင်းမခပါ ၊ ကျွန်မကို ဝင်ခွင့်ပေးပါ ။ "

တစ်စုံတစ်ယောက်ကို ဤကဲ့သို့ မျှော်လင့်တကြီး ကြည့်ခဲ့ဖူးရဲ့လား မမှတ်မိတော့ ။ အနွေးထည်အိတ်ထဲက ဖုန်းကို ထုတ်ပြီး ဓာတ်ပုံရိုက်သိမ်းထားသော ဆေးကုသခွင့် လိုင်စင်ကို ပြလိုက်တော့ အရှေ့က ဆရာဝန်က စဉ်းစားရခက်သွားဟန် ။

" နှိုင်း ... နှိုင်းမခ "

အထဲဝင်ခွင့်ရရေးအတွက် အသည်းအသန်ကြိုးပမ်းနေတုန်း နှိုင်းရဲ့ နာမည်ကို တစ်စုံတစ်ယောက်က ခေါ်လိုက်သည် ။ သူငယ်ချင်းဟောင်းတွေ့ဆုံပွဲတုန်းက တစ်ယောက် ၊ နာမည်ကိုတော့ မမှတ်မိ ။ လတစ်ခုခု၏ နာမည်ပါတာကိုပဲ သတိတရရှိသည် ။ ယခုအချိန် အဲဒါကိုလည်း မစဉ်းစားနိုင် ။

" တို့ကို တစ်ခုလောက် ကူညီပါ ၊ ER ထဲ ဝင်ခွင့်ပေးပါ ။ အရေးကြီးနေလို့ "

" အာ ရတယ်လေ "
" ဟေ့ ရှေ့က ပိတ်ရပ်ပြီး ဘာလုပ်နေတာလဲ ။ ဒါခွဲစိတ်အထူးကုကွ ၊ ဖယ် ဖယ် "

ကျေးဇူးတင်ကြောင်းတောင် မပြောလိုက်နိုင်ဘဲ အခန်းထဲသာ ဝင်ပြေးသွားမိသည် ။

" ကန္တာ "

အောက်ဆွဲဂျင်ပိုက်တန်းလန်းဖြင့် အ‌ေရးပေါ် အသက်ကယ်နေသော်လည်း မော်နီတာမှ မျဉ်းများက မငြိမ်သက် ။ သွေးများ စွန်းထင်းနေသော အနွေးထည်ကို ချွတ်ပစ်လိုက်ပြီး နွေကန္တာဦး၏ ဘေးမှ ဆရာဝန်များကို တွန်းဖယ်လိုက်သည် ။

" Defid ပြင်ပေးပါ ၊ 100 နဲ့ "

လက်လှမ်းလိုက်ပေမယ့် နှိုင်းရဲ့ လက်ထဲ မည်သည့် ကိရိယာမှ ရောက်မလာ ။ နှိုင်းကိုသာ အကြောင်းသား ငေးကြည့်နေကြသည်ကိုသာ တွေ့ရသည် ။

Once Upon On UsDonde viven las historias. Descúbrelo ahora