Extra 3.0

5.3K 266 34
                                    

Unicode
________

" လွန်းရေ ကျောင်းသွားမယ်လို့ "

" အင်းးးး "

သံရှည်ဆွဲကာ တစ်ဖက်လှည့်သွားသည့် လွန်းကို ကြည့်ကာ သက်ပြင်းချမိသည် ။

" နှိုင်းရေ သူ့ကို ထားခဲ့တော့လို့ ၊ အသင်းရှိသေးတယ်နော် ။ သွားမယ် လာ "

လွယ်အိတ်ကို လာဆွဲကာ ခေါ်သော ဝတီ့နောက်သို့ ပါသွားရပေမယ့် စိတ်က မဖြောင့် ။

" ခဏလေး "

အောက်ထပ်ကို ရောက်ပြီးမှ လွယ်အိတ်နှင့် ထမင်းချိုင့်ကို ဝတီလက်ထဲ ထည့်ခဲ့ပြီး လှေကားကို ပြေးတက်ရတော့သည် ။

" လွန်းငယ် အစ်မ ကျောင်းသွားတော့မယ်နော် ၊ နေ့လည် ထမင်းစားချိန်ကျ အခန်းထဲ လာမယ်နော် ။ အကြာကြီး မအိပ်နဲ့တော့ "

" အင်းးးး "

ထို့နောက် အခန်းတံခါးကို အသံမမြည်အောင် ပိတ်ခဲ့ပြီး အောက်ထပ်သို့ ပြန်ဆင်းလာခဲ့တော့သည် ။

" ဟဲ့ နှိုင်း ၊ ဘယ်လဲ "

နေ့လည် ကျောင်းခေါင်းလောင်းသံ ကြားသည်နှင့် ဆရာမ ထွက်သည်ကို စောင့်ပြီး ချက်ချင်း ထလိုက်သော နှိုင်းကြောင့် ဘေးမှ သူငယ်ချင်းက လှမ်းဆွဲသည် ။

" ငါ ခြောက်တန်းဆောင် ... "

" နှိုင်းမခ ! "

သွားပြီ ။

" လွန်း ... လွန်းငယ် "

ဆူပုတ်ပြီး အခန်းထဲ ဝင်လာသောကလေးမကြောင့် တစ်ခန်းလုံးက နှိုင်းမခ၏ ပြဿနာကို နားလည်သွားကြဟန်ပင် ။

" ဘာလို့ မစောင့်တာလဲ ၊ ခဏလေးစောင့်ဖို့က အစ်မအတွက် အဲသလောက်ခဲယဉ်းနေလားဟုတ်လား ။ တစ်ယောက်တည်း စက်ဘီးနင်းလာရတာ ဘယ်လောက် ပင်ပန်းလဲ သိလား ၊ ဘာလဲ အစ်မစက်ဘီးနောက်က တင်မနင်းချင်တော့တာလား ။ ရတယ် အဲဒါဆို နောက် ဘယ်တော့မှ လာမခေါ်နဲ့ အစ်မနောက်ကို ဘယ်တော့မှ မလိုက်ဘူး ! "

" မဟုတ် ... မဟုတ်ဘူးလေ လွန်းငယ်ရဲ့ ... အစ်မက ... "

" နှိုင်း ငါတို့မုန့်ဈေးတန်း "

အားကိုးရာ ရှာပေမယ့် လွန်းဟေမာန်ငယ်အကြောင်းသိနေသော သူငယ်ချင်းများက သူတို့ပါ အရစ်ခံရမှာစိုး၍ ရှောင်ထွက်သွားတော့သည် ။ ယောင်္ကျားလေးအတန်းဖက်တွင် ထိုင်နေသော နေသူရာက နှိုင်းနှင့်လွန်းကို တစ်ချက်လှမ်းကြည့်သည် ။ နှိုင်း၏ အကူအညီတောင်းသော အကြည့်ကို မြင်တော့ ခေါင်းခါပြကာ သူ့ထမင်းချိုင့်ကို ထဖွင့်သည် ။

Once Upon On UsWhere stories live. Discover now