10

3.8K 304 9
                                    

Unicode
_________

ညနေပိုင်း ဂျူတီပြီးတော့ သူငယ်ချင်းတွေ အကုန် အသီးသီး လမ်းခွဲသွားကြသည် ။ လွနဆေးရုံက ထွက်လာသည်အထိ ဝတီရဲ့ကားကို မတွေ့ရသေး ။

" လွန်း... ဝတီ လာမကြိုသေးဘူးလား ။ "

ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည် ။ နေသူရာက ဂျူတီကုတ်ပင်မလဲရသေးပဲ ဆေးရုံရှေ့သို့ ရောက်လာသည် ။

" ဟုတ် မလာသေးလို့ ။ "

" မိုးချုပ်နေပြီကို ၊ ဖုန်းလှမ်းဆက်လိုက်ပါလား ။ "

" ဆက်ထားတယ် ဒေါက်တာ ၊ လမ်းမှာလို့ ပြောတယ် ။ "

" အဟား ၊ အရင်လို ကိုကြီးသူရာလို့ပဲ ခေါ်ပါလား ။ အသားမကျသေးတော့ တစ်မျိုးပဲ ။ "

နေသူရာက ရယ်ပြီး လွန်းကို ​စနောက်ပြန်သည် ။ နှစ်တွေအများကြီး ကြာသွားသော်ငြား တစ်ချို့အရာများက နဂိုအတိုင်း ရှိနေဆဲပင် ။

" ဂျူတီကုတ်တောင်မလဲရသေးတဲ့ စီနီယာတစ်ယောက်ကို လေးလေးစားစားခေါ်ရမှာပေါ့ ။ "

" သြ ... ဟုတ်ပြီ ။ "

နေသူရာက ပြောရင်းဖြင့် ဂျူတီကုတ်ကို ချွတ်ပြီး ညာဘက်လက်ပေါ်တင်လိုက်သည် ။

" ကဲ ရပြီမလား ။ "

လွန်းက သဘောတကျရယ်တော့ နေသူရာက သူမကို ပြုံးပြီးကြည့်နေသည် ။

" ဒါနဲ့ ဟို ... "

* တီ တီ *

ကားဟွန်းသံကြောင့် မေးမည့် စကားလုံးတွေ ရပ်တန့်သွားသည် ။ ထို့နောက် ကားထဲမှ ဝတီက ထွက်လာသည် ။

" နေသူရာ ၊ နင် ငါ့သူငယ်ချင်းကို ဘယ်အချိန်အထိ ဖွက်ထားဦးမှာလဲ ။ ​ပြန်ရောက်နေတာ လူကြီးတွေကိုလည်း အသိပေးဦး ။ မဟုတ်ရင် နင်တို့ ယူလိုက်ကြပြီလို့ ထင်နေကြဦးမယ် ။ "

​​" ဟားဟား ယူလိုက်ပြီလို့ ထင်တော့လည်း ကောင်းတာပေါ့ ၊ နားဖောက်စရာတောင် မလိုတော့ဘူး ။ "

" ရမလား ခွေးကောင်ရဲ့ ၊ ငါ့သူငယ်ချင်းကို မိသားဖသားပီပီ လာတောင်းရမ်းမှ ငါက ပေးမှာ ။ မဟုတ်ရင် ဘိလပ်မြေဖျော်တဲ့ထဲ ထည့်ဖျော်ပစ်မယ် ။ "

Once Upon On UsWhere stories live. Discover now