27

4.4K 295 16
                                    

Unicode
_______

ရည်းစားကို အိမ်ပေါ်ခေါ်တင်ကာမှ မိန်းမရသလို မဖြစ်ဘဲ အမေတစ်ယောက် မွေးစားလိုက်ရသလို ဖြစ်သွားသော လူတစ်ယောက်အကြောင်း စူးစမ်းလိုပါသလား ။  ဒါ‌ဆိုရင်တော့ သေချာပေါက်ကို နှိုင်းမခဖြစ်နေကြောင်း ရိပ်မိသွားကြမှာပါ ။

" ရေခဲသေတ္တာထဲမှာ ဘာလို့ အသင့်စားခေါက်ဆွဲဘူးတေ‌ွ အပြင်မရှိရတာလဲ ။ အစ်မ တစ်နေ့တစ်နေ့ ဒါတွေပဲ စားနေတာတော့မဟုတ်ဘူးလား ။ ကိုယ့်ကိုယ်ကိုယ် ဆရာဝန်ဆိုတာ သတိထားဦးလေ ၊ ရောဂါတွေ ရကုန်တော့မှာပဲ "

" ကော်ဖီဗူးတွေ ဝယ်မသောက်ရဘူးလို့ ဟိုးအရင်ကတည်းက ပြောထားတယ်လေ ၊ ဒီမှာကြည့်ဦး ဗူးခွံတွေချည်းပဲ ။ အလုပ်လုပ်နိုင်ရင် ပြီးရောဆိုပြီး ကဖိန်းတွေချည်း လှိမ့်သောက်နေသလား မသိပါဘူးကွာ ။ အစ်မနဲ့တော့ ဒုက္ခပဲ "

" ဒါ အရင်တစ်ပတ်တည်းက မား ထည့်ပေးလိုက်တဲ့ ကြက်သားကြော်မလား ။ ဘာလို့ အခုထိ မကုန်သေးတာလဲ ။ ထမင်းရော စားရဲ့လား ဒီရက်ပိုင်း "

ဝတီဟေမာန်ရေ ၊ နင့်ညီမကို မန္တလေးကိုသာ ခေါ်သွားပါတော့ ဟူ၍ ေပြာချင်ပေမယ့် မပြောဖြစ်ပါ ။ ပို့မှ မပို့ချင်ဘဲ ။ ဆိုဖာပေါ် ကြုံ့ကြုံ့လေး ထိုင်ရင်းသာ လွန်း၏ စကားများကို ပြန်လည်း မပြောရဲဘဲ နားထောင်နေရသူမှာ တစ်မိုးအောက်တစ်ယောက် နှိုင်းမခပင် ။

" လွန်းငယ် "

" ဘာတုန်း ! "

ရှင်းပြမယ့် စကားများမှာ လေထဲ ကြက်ပျောက်ငှက်ပျောက်ပင် ။ လွန်းက ခါးထောက်ကာဖြင့် နှိုင်းကို ကြည့်လာသည် ။

" ကဲ နာမည် ခေါ်ပြီးရင် ပြောမှပေါ့ ဒေါက်တာ နှိုင်းမခရဲ့ ၊ မောတယ် တကယ် "

လွန်းက နှိုင်း၏ ဘေးသို့ ဝင်ထိုင်ကာ စားပွဲပေါ်မှ ရေခွက်ကို ကောက်ယူ၍ မော့သောက်သည် ။ ရေသောက်တာလေးကအစ ချစ်ဖွယ်အလွန်ကောင်းနေသော နှိုင်း၏ မိန်းကလေးပင် ။ စိတ်မထိန်းနိုင်စွာပင် ခါးမှ ဆွေ့ခနဲ ကောက်ပွေ့ကာ ပေါင်ပေါ်တင်လိုက်တော့ ရေခွက်မှ ရေတစ်ချို့က ကြမ်းပြင်သို့ ဖိတ်စင်ကျသွားသည် ။ ရေမသီး၍သာ တော်သေးတော့သည် ။ နောက်ဆို မဆင်မခြင်မလုပ်မိရန် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည် ။

Once Upon On UsWhere stories live. Discover now