Extra

6.5K 292 20
                                    

Unicode
_______

" ဘယ်ကို သွားချင်လဲ လွန်းငယ် "

" ကမ္ဘာအဆုံးပဲ "

လွန်း၏ စကားကြောင့် နှိုင်းမခက ဟက်ခနဲရယ်ချသည် ။ ထို့နောက် လွန်းကို ပြုံးလျက် ကြည့်လာသည် ။

" အတည်မေးနေတာကို "

" မသိဘူး ၊ အစ်မရှိတဲ့ ဘယ်နေရာမဆို အဆင်ပြေတယ် "

" ကဲ "

" အစ်မကို ဘယ်လို ပြောပြရမလဲ မသိဘူးကွာ ၊ ညီမက ဘယ်လိုနေရာမျိုးဆိုတာထက်လေ vibe မိတဲ့ နေရာမျိုးကို သွားချင်တာ "

" ဘယ်လို vibe လဲ "

" မပြောပြတတ်ပါဘူးဆို "

နှိုင်းမှာ ခေါင်းကုတ်ရလေပြီ ။ သူမပင် မပြောပြတတ်သော နေရာကို နှိုင်းက မည်သို့ ခေါ်ဆောင်သွားရပါမည်နည်း ။

" Paris ဆိုရင်ရော "

" ပိုက်ဆံကုန်မယ့် နေရာကလွဲရင် မပြောတတ်တော့ဘူးလား "

နှိုင်းမှာ မရှိမယ့်ရှိမယ့် အကြံဉာဏ်လေးကို တင်ပြသော်လည်း အထက်ပုဂ္ဂိုလ်က ပယ်ချ၏ ။

" ရှုပ်တယ် ၊ အိမ်ပဲ လိုက်ခဲ့တော့ "

ဤသို့ဖြင့် ဆယ်နာရီခွဲကျော်သွားရမည့် ခရီးကိုသာ ရွေးချယ်ပြီး ဝါရှင်တန်မြို့ရှိ နှိုင်း၏ နေအိမ်သို့ ရောက်လာကြသည် ။ အိမ်ထဲ မဝင်ခင် ရှုပ်ပွနေတာ ရှိမရှိ အရင်စဉ်းစားရသည် ။ မဟုတ်လျှင် ပြောလို့ပြီးတော့မည် မဟုတ် ။

" ဒီအိမ်က ဝယ်ထားတာလား "

" အင်း သိပ်မကြာသေးဘူး "

" တစ်ယောက်တည်း နေတာလား "

" အခုတော့ နှစ်ယောက်ပေါ့ "

ငေးမောနေသော လွန်း၏ ခါးကို ဖက်ကာဖြင့် ဆိုဖာပေါ် ဆွဲချလိုက်သည် ။

" ကိုကြီးသူရာက ဘယ်မှာ နေတာလဲ "

" သူက သူ့ဦးလေးအိမ်မှာလေ ၊ အခုတော့ အိမ်ဝယ်ထားတယ် ။ ပြင်ဆင်ပြီးရင်တော့ အဲ့ကို ပြောင်းမှာပေါ့ "

" အစ်မကို ကိုကြီးသူရာနဲ့ တူတူနေတယ် ထင်တာ "

" ကျောင်းစတက်တုန်းက အဆောင်မှာ နေကြတာလေ ၊ ဒီနိုင်ငံမှာက ယောင်္ကျားလေး၊ မိန်းကလေး အဆောင်ခွဲထားတာမျိုးမရှိဘူး ၊ အခန်းပဲ ခွဲထားတာ ။ အစ်မက ကန္တာနဲ့ အတူနေတာ "

Once Upon On UsWhere stories live. Discover now