21

4.1K 277 11
                                    

တံခါးဘဲလ်မြည်သံကြောင့် အိပ်ပျော်နေရာမှ လန့်နိုးလာသည် ။ စာကြည့်ခန်းထဲတောင်မဟုတ်ဘဲ အိမ်ရှေ့ဆိုဖာပေါ်တွင် အိပ်ပျော်သွားမိလေခြင်း ။ ပျံ့ကြဲနေသော စာရွက်များကို တစ်စုတစ်စည်းတည်းဖြစ်စေရန် စီလိုက်ပြီးနောက် တံခါးဆီသို့ သွားသည် ။ နေရာတကျ မအိပ်မိခြင်းကြောင့် နာနေသော ဇက်ကို ကိုင်ကာ တံခါးကို ဆွဲဖွင့်လိုက်သည် ။

" မွေးနေ့ လက်ဆောင် လာတောင်းတာ "

တံခါးကို အပြည့်ပင် မဖွင့်မိ ။ ထိုနေရာမှာတင် အကြောင်သား ရပ်နေမိသည် ။ အတန်ကြာ ရပ်ကြည့်နေမိပြီးမှ အိမ်တံခါးကို ဖွင့်ပေးလိုက်သည် ။

" ထိုင်ဦး "

ဧည့်ခန်းတွင် ထားခဲ့ကာ နှိုင်းကတော့ အခန်းထဲ ဝင်လာခဲ့သည် ။

" ဗုဒ္ဓေါ "

သူမ အရှေ့မှာ မထွက်မိသော အာမေဋိတ်သံက အခန်းထဲရောက်မှ တီးတိုးမျှ ထွက်သွားသည် ။ ရဲတင်းနေသော လေသံက နှိုင်းကို အမှန်တကယ် ထိတ်လန့်စေသည် ။

မွေးနေ့လက်ဆောင် ။

တကယ်ကို ဘာမှ မပြင်ထားမိလေခြင်း ။ မေ့နေတာမဟုတ်ဘဲ မေ့ထားတာ ဖြစ်သည် ။ နာရီကို လှမ်းကြည့်တော့ ၈နာရီ ခွဲပြီးခါစ ။ ရေချိုးခန်းထဲဝင်ကာ ရေကို ကျားလိုက်လာသလို အလျင်အမြန်ချိုးရတော့သည် ။

" ဘာလို့ ... "

အဝတ်ဗီရိုထဲက အဝတ်တွေ တစ်ထည်ပြီး တစ်ထည် ။
နာရီတွေ တစ်ခုပြီး တစ်ခု ။
ဖိနပ်တွေ တစ်ရံပြီးတစ်ရံ ။

" နှိုင်းရေ စိတ်အေးအေးထားစမ်း "

ဒါလည်း နှိုင်းမခက စိတ်တိုင်းမကျပါ ။ မှန်ရှေ့ ရပ်နေပြီးမှ ဘာလို့ ဒီလိုလုပ်နေမိလဲ ဆိုတာကို ပြန်တွေးရသည် ။ အဖြေတော့ မထုတ်မိတော့ ။ အလိုက်ဖက်ဆုံးလို့ ထင်ရတဲ့ အင်္ကျီတစ်ထည်ကို ကောက်ဝတ်လိုက်သည် ။

ပိုက်ဆံအိတ်ထဲ ကတ်တွေ စစ်ပြီး ထည့်ကာ အပြင်ပြန်ထွက်လာသည် ။ တစုံ‌တယောက်ကတော့ နှိုင်းပြောခဲ့တဲ့အတိုင်း အေးအေးလူလူ ထိုင်နေဆဲ ။

" သွားမယ် "

သူမက နှိုင်းကို လှည့်ကြည့်လာသည် ။

Once Upon On UsWhere stories live. Discover now