36

3.4K 252 11
                                    

Unicode
_______

ကား ပြတင်းပေါက်ပေါ်သို့ လက်တစ်ဖက်ကို တင်ထားပြီး တစ်ခုခုကို အလေးအနက်စဉ်းစားနေပုံရသော နှိုင်းမခ၏ ပုံစံသည် ပုံမှန်ထက် ပို၍ တည်ကြည်‌ေနသည် ။ ထို့ကြောင့် မေးခွန်းတို့ကို မြိုသိပ်ကာ ငြိမ်ငြိမ်ကလေး လိုက်ပါလာရသည် ။ နှိုင်းမခ ဘယ်ကို သွားနေသလဲဆိုတာ လွန်းမသိ ။

" လွန်းငယ် "

" အစ်မ စောစောကတည်းက ညီမနာမည်ကို ခေါ်နေတာ ငါးခါလောက်ရှိပြီ ၊ ညီမက ထူးတော့ ဘာမှလည်း မပြောဘူး ။ ညီမကို ပြောစမ်းပါ အစ်မ ဘာတွေကို စိတ်ပူနေတာလဲလို့ "

နှိုင်းမခက ပြုံးကာဖြင့် လွတ်နေသော လက်တစ်ဖက်ဖြင့် လွန်း၏ လက်ကို ဆွဲယူလိုက်သည် ။ ထပ်ပြီး လွန်းကို စကားလုံးများဖြင့် ချည်နှောင်ဦးမည် ထင်သည် ။ သို့သော် ယခုတစ်ခါတွင်တော့ ထပ်ပြီး မကျရှုံးစေရ ။ မျက်နှာကို တည်လိုက်တော့ နှိုင်းမခက လွန်းကို ကြည့်ကာ ရယ်သည် ။

" လွန်းရဲ့ အသံကို ကြားပြီး အားတင်းနေရတာလေ ကလေးလေးရဲ့ ၊ အစ်မရဲ့ ဘေးမှာ လွန်းငယ် ရှိနေတာပဲ ဆိုတဲ့ စိတ်နဲ့ ပူပန်စရာတွေကို ဖယ်ထုတ်နေရတာ "

တကယ်ကို နှိုင်းမခကတော့ နှိုင်းမခပါပဲ ။ မည်မျှပင် ဟန်ဆောင်ကာ ထိန်းထားသောလည်း ပြုံးလိုက်ချင်စိတ်ကို ထိန်းမရ ။ ချစ်မဝလေးဟူသော စကားက သူမ၏ နှိုင်းမခအတွက်ပင် ဖြစ်သည် ။ မည်မျှ ချစ်ပေးနေပါစေ နှိုင်းမခကို ထပ်မံ၍ ချစ်ပေးရမည်ဟုသာ တွေးနေမိသည် ။

" အစ်မဟာလေ "

" အစ်မက လွန်းငယ်ရဲ့ ချစ်ရသူလေး မဟုတ်လား "

" တကယ်ပါပဲ ၊ အစ်မကို social media ပြန်ဖျက်ခိုင်းမှ ရတော့မယ် "

" ရတယ်လေ ၊ ဖုန်းကြည့်ရမယ့် အချိန်တွေကို လွန်းငယ် မျက်နှာပဲ ထိုင်ကြည့်နေမှာပေါ့ ။ ဘာနေနေ နှိုင်းမခအတွက် အမြတ်ချည်းပဲ "

နှိုင်းမခ၏ စကားက ရွှတ်နောက်နောက်ဖြစ်နေသော်လည်း သဘောကျစရာ အပြည့်နှင့်ပင် ။

" မေမေတို့ နောက်တစ်ပတ်ပြန်လာမယ်ပြောတယ် ၊ မမအလုပ်တွေက အကုန်ပြီးပြီတဲ့ "

Once Upon On UsWhere stories live. Discover now