အပိုင်း(၂)

2.1K 243 33
                                    

Unicode

'' ရတနာကျော် ´´ စံအိမ်ကြီး အတွင်း သို့
အိုဗါလင်း မော်တော်ကားလေးတစ်စီးသည် တစ်ရွှေ့ရွှေ့ဝင်လာလေသည်။

ထိုကားလေး အိမ်ရှေ့တွင် ရပ်လိုက်သည်နှင့် တပြိုင်နက်စံအိမ်ထဲရှိ သခင်မကြီး ဒေါ်မာရင်မြင့် သည် အပြုံးမျက်နှာနဲ့သာ ဇာပုဝါကို ပုခုံးပေါ်တင်၍ ထွက်လာလေတော့သည်။

'' အို အရေးပိုင် မင်းတို့ ပါ့လား..ကြွပါရှင့် ကြွပါ အရေးပိုင်ကတော်ရော ပါလာသပေါ့...´´

ဒေါ်မာရင်မြင့်သည် အရေးပိုင်ကတော်၏ လက်ကိုတွဲကာ ပြုံးပြုံး ပြုံးပြုံးနှင့်သာ လောကွပ်ချော်လေတော့သည်။

'' ကိုကိုကျော်ရေ လာပါဦး ... ဒီမှာ အရေးပိုင်မင်းတို့  ကြွလာတယ်... ´´

ဒေါ်မာရင်မြင့် ပြုံးပြုံး ပြုံးပြုံး နဲ့ ဧည့်ခန်းထဲကနေ ခင်ပွန်းဖြစ်သူကိုသာ လှမ်းခေါ်လေတော့သည်။

'' အိုး.. အရေးပိုင်မင်းတို့ပါ့လား ... အကြောင်းမကြား ဘာမကြားနဲ့...´´

'' လာရင်းကိစ္စကတော့ အလည်ဆိုပါတော့ကွယ်... အလည်ဆိုပေမဲ့ ထမင်းစားပြီး မှ ပြန်မှာနော ...´´

အရေးပိုင်ကတော်က စသလို ​နောက်သလိုပြောလိုက်လေသည်။

'' သြော် ဒါနဲ့ ဒီ သူငယ် က ...ဘိလပ်ပြန် အရေးပိုင်မင်းတို့ရဲ့ တစ်ဦးတည်းသော သားလေးဆိုသူလား ´´

ဒေါ်မာရင်မြင့် အရေးပိုင်မင်းကတော် ဘေးက  အထက်တန်းကျကျ အဝတ်အစားနဲ့ ​ ပြုံးပြုံးလေးထိုင်နေသော သူငယ်လေးကို ကြည့်ကာ ပြောလိုက်လေသည်။

'' ဟုတ်ပါ့ကွယ် ဒါ တို့သား...ရစ်ချက်တဲ့ ဘိလပ်ကပြန်လာတာ မကြာသေးဘူးလေ.. ..´´

'' သားလေးက လူချောလေးပဲ...´´

ဒေါ်မာရင်မြင့် တစ်ခုခု အကြံရသော  ပုံစံဖြင့် ပြုံးပြီးသာပြောလိုက်လေသည်။

'' ကျေးဇူးပါတယ် အန်တီ ´´

'' သမီး ... သမီးလေး မော်လီ လာပါဦးကွယ် ဒီမှာ အရေးပိုင်မင်းတို့ ကြွလာတယ် ´´

ဒေါ်မာရင်မြင့် အိမ်ပေါ်ထပ်ရှိ သမီးဖြစ်သူ ကို မိတ်ဆက်ပေးဖို့ ခေါ်လိုက်တော့ မော်လီ မှ ဟော့ဟော့ရမ်းရမ်း အဝတ်အစားများဖြင့် ဆင်းလာလေသည်။

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now