အပိုင်း(၂၇)

1.1K 86 12
                                    

'' အစ်မလေး...´´

'' ကိုထွန်းတောက်...သူ..သူအဆင်ပြေရဲ့လားဟင်..´´

'' အဖျားကတော့ကျသွားပါပြီ။ အနာရှိန်နဲ့ဆိုတော့ အရှင်းတော့အပျောက်သေးဘူးပေါ့။
ကျုပ်ဆရာ က ဖျားခဲတယ်။ ဒီတစ်ခေါက်ကတော့ တော်တော်လေးပင်ပန်းသွားတယ်ထင်တယ်။ အစ်မလေး ဝင်ကြည့်သွားလေ ။´´

ထွန်းတောက် ရေဇလုံအား အခန်းထဲမှသယ်လာရင်း အခန်းရှေ့တွင်အစ်မလေးနှင့်တွေ့တာကြောင့် အကျိုးအကြောင်းပြောပြလိုက်လေသည်။ အစ်မလေးက ယောက်ျားပျိုလေးမှန်း ထွန်းတောက်သိသွားပေမဲ့ အစ်မလေးအပေါ် မည်သို့မျှမပြောင်းလဲတာကြောင့် အရင်အတိုင်းသာဆက်ဆံမိသည်။

'' မဝင်သွားတော့ပါဘူး။ မမမော်လီရှိနေတာပဲမဟုတ်လား။´´

လရောင် အခန်းထဲသို့သာတစ်ချက်ကြည့်လိုက်ပြီး ထွန်းတောက်အား ထိုသို့ပြောကာ ထိုနေရာမှကျောခိုင်းခဲ့လေသည်။ လရောင်တို့ကိစ္စတွေအား မောင် ကြားပြီး လရောင့်မောင့်ရှေ့မှ ထွက်ပြေးခဲ့သည့်နေ့မှစ၍ လရောင်နှင့်မောင် မျက်နှာချင်းမဆိုင်မိပေ။ လရောင်ကလည်းအမြဲရှောင်ခဲ့သလို၊မောင်မှလည်း လရောင်အား တွေ့သည်နှင့်အမြဲရှောင်ထွက်တတ်သည်။ လက်မောင်းမှသေနတ်ဒဏ်ရာကြောင့် အပြင်းဖျားနေသည့်မောင့်အား လရောင်ပြုစုပေးချင်ပေမဲ့ မမမော်လီရှိတာကြောင့်ရော၊ လရောင်က်ိုယ်တိုင်ကပင်မောင့်ရှေ့သို့မထွက်ချင်တာကြောင့် တိတ်တဆိတ်လေးသာ အခြေအနေလာကြည့်မိသည်။

မေမေကတော့ ခုထိသတိမရသေးတာကြောင့် လရောင်မှာ မေမေ အားတစ်ဖက် မေမေကြီးအားတစ်ဖက်ပြုစုရင်းပင် မောင်နှင့်မျက်နှာချင်းဆိုင် မဆုံမိအောင်နေရလေသည်။

'' ဘာလို့လဲ ခင်လေး မြို့အုပ်မင်းကမသက်သာသေးဘူးလား ´´

အိမ်ပေါ်ထပ်မှ ဆင်းလာရင်း မေးလာသောခင်ထွေး၏ အမေးစကားကြောင့်လရောင် ခေါင်းခါပြမိလေသည်။

'' ခင်လေး ပြုစုပေးလိုက်ပါလားကွယ်။ မြို့အုပ်မင်းခဗျာ တော်တော်လန့်သွားတယ်ထင်တယ်။ ´´

'' နေပါစေ ခင်ထွေးရယ်။ လရောင်ကိုတွေ့ရင် သူပိုပြီးခံစားနေရပါ့မယ်။´´

Chegaste ao fim dos capítulos publicados.

⏰ Última atualização: Feb 05 ⏰

Adiciona esta história à tua Biblioteca para receberes notificações de novos capítulos!

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Onde as histórias ganham vida. Descobre agora