အပိုင်း(၆)

1.8K 207 31
                                    

Unicode

မြင်းလှည်းလေးတစ်စီးသည် မေမြို့၏ နှင်းမြူများကြားတွင် တိုးဝေ့၍ မြို့အုပ်မင်း၏ ခြံအတွင်းသို့ ဝင်ရောက်လာလေသည်။

'' ကဲ အစ်မလေး ဆင်းပေတော့ အိမ်ရောက်ပြီ ''

ထွန်းတောက် မြင်းလှည်းမောင်းသည့်နေရာမှ ဆင်း၍ လရောင်ကို မြင်းလှည်းတံခါးဖွင့်ပေးပြီးပြောလိုက်လေသည်။

လရောင်မြင်းလှည်းပေါ်က ဆင်းပြီး မြင်လိုက်ရသည့် ခြံဝန်းကျယ်ကြီးနှင့် နှစ်ထပ်တိုက်အိမ်လေးကြောင့် လရောင် တအံ့တသြ ကြည့်နေမိသည်။

ခြံဝန်းကျယ်ကြီးထဲတွင်ရှိသော စံပါယ်ရုံကြီးရယ် တစ်ပင်လုံး ခရမ်းရောင်ဖုံးကာ ပွင့်ချင်တိုင်းပွင့်နေကြသော စိန်ပန်းပြာတွေရယ်၊ ဖွေးဖွေးလှုပ်ပွင့်နေကြသော ချယ်ရီပင်တွေရယ်ကြောင့် လရောင်သဘောကျစွာ ပြုံးမိသွားလေသည်။

'' လာ အစ်မလေး အိမ်ထဲဝင် ''

လရောင် ခြံထဲကိုစူးစမ်းရင်း သာ အိမ်ရှေ့မှာရပ်နေသောကြောင့် ထွန်းတောက်အဝတ်အစား အိတ်လေးကို အိမ်ထဲသို့ သယ်သွားရင်းသာ ပြောလိုက်လေသည်။

လရောင် အိမ်ထဲသို့ဝင်လိုက်တော့ ဧည့်ခန်းထဲရှိ နံရံ တွင် ချိတ်ဆွဲထားသော ဓာတ်ပုံကို မရဲတရဲ့ကြည့်လိုက်လေသည်။ဓာတ်ပုံထဲရှိ ယောကျ်ားပျိုသည် တိုက်ပုံအင်္ကျီကိုဝတ်ကာ စာအုပ်ကိုကိုင်ရင်း ခြေချိတ်ထိုင်နေသောပုံဖြစ်သည်။ စူးရှလှသော အကြည့်တွေကြောင့် သြဇာ ရှိမည့်သူမှန်း လရောင် ရိပ်မိနေလေသည်။ လရောင် ထိုသူ၏ စူးရှထက်မြတ်လှသော အကြည့်တွေကြောင့်ဓာတ်ပုံကိုပင် သေချာစိုက်မကြည့်ရဲ့တော့ပဲ မျက်နှာလွှဲလိုက်လေသည်။ထို့နောက် လရောင် ဘေးဘီဝဲယာ ကိုကြည့်မိတော့ ထွေထွေထူးထူး အဆောင်အယောင်တွေ မရှိပါပဲ စတီခုံလေးတွေနှင့် ဧည့်ခန်းရယ် ဧည့်ခန်းဘေးက စားပွဲပေါ်တွင် တင်ထားသော ဓာတ်စက် တစ်လုံးရယ်သာရှိလေသည်။

'' ထိုင် အစ်မလေး ကျုပ်ဆရာတော့ မရှိသေးဘူး ညမှပြန်ရောက်မယ် ဒီနေ့ အမှု အလုပ်များနေလေရဲ့ ''

'' ဟုတ် ''

လရောင် ခေါင်းလေးသာ ညိတ်ပြလိုက်ပြီး ထွန်းတောက်ဆိုသော ကောင်လေး ချပေးလာသော ရေတစ်ခွက်ကိုသာ သောက်​ပြီးပြောလိုက်လေတော့သည်။

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now