အပိုင်း(၂၂)

1.1K 106 22
                                    

'' ဘယ်နှဲ့ လုပ်ကြမလဲ မာမီ မော်လီတော့သိပ်စိတ်ညစ်တာပဲ ´´

လှော်ကားမှ အိမ်သို့ပြန်ရောက်ရောက်ချင်း အခန်းထဲသို့တန်းဝင်ကာ မော်လီ စိတ်ပျက်စွာပြောနေမိသည်။

'' မာမီ ကြံပါ့မယ် ။ မာမီကြံပါ့မယ် မော်လီလေးရယ် ´´

'' မာမီကြံတာ အသာထား ခုက ကိုသစ်ဦး ဘက်က အရင် လက်ထပ်ဖို့ ပြောနေပြီ မာမီရဲ့´´

'' အင်း မာမီ အဲဒါကို သဘောမတွေ့တာ အစတုန်းကတော့ မမသီတာကို ပြုစုဖို့ဆိုပြီး ဘာလို့ ခုမှ ချက်ချင်းကြီးလက်ထပ်ချင်နေရတာလဲ ´´

'' အဲဒါ ဟို မိန်းမလျာမ ကြောင့်ပေါ့ ဘာတွေ ဘယ်လောက်တောင် မြူဆွယ်ထားလဲမှ မသိတာ။ ´´

'' ဒင်းကို လွှတ်မိတာကို မှားတာ။ အနူလက်နဲ့ရွှေခွက် နှိုက်ချင်သေးတာ ။ ´´

'' လာပါစေအုံး မှတ်လောက်သားလောက် ဖြစ်သွားအောင်ကို မော်လီဆုံးမပေးလိုက်အုံးမယ်။ ´´

သားအမိနှစ်ယောက် ပြတင်းပေါက်အားကျောပေးကာ မကျေနပ်ချက်များကိုသာ ရေရွတ်နေမိသည်။

'' အမယ်လေး မာမီ မော်လီကိုဆွဲနေတယ်။ အမယ်လေး ဘာကြီးလည်းလွှတ်စမ်း ´´

ပြတင်းပေါက်ဆီမှ မော်လီ၏ ဆံပင်အား ဆွဲခံလိုက်ရတာကြောင့်မော်လီ အသံကုန်ခြစ်၍ သာအော်လေသည်။

'' အမယ်လေး လုပ်ကြပါအုံး။ ဘာကောင်ကြီးလဲ မသိဘူး။ လုပ်ကြပါအုံး။ ´´

ဒေါ်မာရင်မြင့် ပြတင်းပေါက်ကို ငုံ့ကြည့်တော့ ဆံပင်ဆုတ်ဖွားဖွားနှင့် အကောင်ကြီးက မော်လီလေးဆံပင်အားဆွဲထားတာကြောင့် အလန့်တကြားအော်လေတော့သည်။

'' ဘာဖြစ်ကြတာလဲ ။ ဘာဖြစ်ကြတာလဲ ဒေါ်ဒေါ် ´´

'' ဘာဖြစ်တာလဲမာမီ ´´

ဒေါ်မာရင်မြင့်၏ အသံကြောင့် သစ်ဦးရော လရောင်ပါ အခန်းထဲ ပြေးဝင်လာပြီးမေးလေတော့သည်။ နောက်တွင်လည်း ထွန်းတောက်နှင့်ခင်ထွေးပါပါလာသည်။

'' ဘာကောင်ကြီးလဲ မသိဘူးလုပ်ပါအုံး။ မော်လေး ဆံပင်ကို ဆွဲထားလို့ လုပ်ကြပါအုံး ´´

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now