အပိုင်း(၁၇)

927 106 19
                                    

'' ကြေးနန်းရောက်နေပါတယ် ဆရာ ´´

မြို့အုပ်ရုံးထဲတွင် အမှု စာရွက်တွေထဲ ခေါင်းစိုက်နေတုန်း ကြားလိုက်ရသည့် အသံကြောင့် သစ်ဦး မျက်လုံး လှန်ကာကြည့်မိတော့ ကြေးနန်းစာရွက်အား ကိုင်တာ တံခါးဝတွင်ရပ်နေသော ထွန်းတောက်အားတွေ့လိုက်ရလေသည်။

'' ဘယ်ဆီကလဲ ကွဲ့ ´´

'' အင်း ရန်ကုန်မြို့တော် ကလို့တော့ပြောတယ်ဆရာ 'ရတနာ စံအိမ်´ တဲ့ ´´

ကြားလိုက်ရသည့် အမည်ကြောင့် သစ်ဦး မျက်ခုံးတို့ တွန့်သွားကာ ထွန်းတောက်အား ဝင်လာရန် ခေါင်းညိတ်ပြလိုက်လေသည်။

'' ဒီမှာပါဆရာ ´´

ကြေးနန်းစာအိတ်အား လက်လှမ်းလာသော တပည့်ဖြစ်သူကြောင့် ထွန်းတောက်အလျင်အမြန်ယူကာ ဖွင့်ဖတ်လိုက်လေသည်။

'' သို့ /

မြို့အုပ်မင်းထံ သိစေရန် အမှာပါးလိုက်ပါသည်။ မော်လီ အား ရန်ကုန်မြို့တော်ဆီပြန်လွှတ်ပေးပါရန်။

ဖခင်ဖြစ်သူ_ ဦးကိုကိုကျော်နှင့်
မိခင်ဖြစ်သူ_ ဒေါ် မာရင်မြင့် မှ ....´´

            တပေါင်း လဆန်း ၂ရက် တနင်္ဂနွေနေ့

'' ကျစ် ´´

သစ်ဦး ကြေးနန်းအား ဖတ်လိုက်ပြီး ကြေးနန်းစာရွက်အားစားပွဲပေါ်ပစ်ချလိုက်လေသည်။

'' ဘာဖြစ်သလဲ ဆရာ ။ ဘာများပြောထားလို့လဲ။ ´´

မျက်မှောင်ကြုံ့နေသော ဆရာဖြစ်သူကြောင့် ထွန်းတောက် မျက်နှာရိပ် ၊ မျက်နှာကဲ ကြည့်ကာမေးလိုက်လေသည်။

'' အလကား ပါကွယ်။ လရောင် ကို ပြန်လွှတ်ဖို့ ပြောတာ။ ဒါနဲ့ ကျုပ်စုံစမ်းခိုင်းတာ စုံစမ်းပြီးပလား ထွန်းတောက် ။ ´´

'' စုံစမ်းပြီးပါပြီ ဆရာ။ ကျုပ်သေချာပြောရရင် ဒီ လအတွင်း သူတို့ပြန်လှုပ်ရှားဖြစ်ကြမယ် ထင်တယ် ။ နယ်စပ်မှာလည်း လှုပ်လှုပ်ယွယွ ဖြစ်နေကြတယ်။ နို့ပြီးတော့ ဒီထက်ထူးခြားတာဟာလည်း ရန်ကုန်မှာ  ရတနာစံအိမ်ရဲ့ သမီးမော်လီဆိုတဲ့နာမည်နဲ့ပဲ အရေးပိုင်မင်းရဲ့သားနဲ့ တွဲသွား ၊ တွဲလာ လုပ်နေတဲ့သူရှိတယ်။ နောက် မော်လီဆိုတဲ့ အစ်မလေးရဲ့ ဂုဏ်သတင်းဟာလည်း ကျုပ်တို့ အိမ်မှာရောက်နေတဲ့ အစ်မလေးနဲ့ တက်တက်ဆင်အောင်လွှဲနေလေရဲ့။ ကျုပ် စုံစမ်းရသလောက်တော့ မော်လီဟာ မာနကြီးတယ်။ မောက်မာတယ်။ ဟော့ဟော့ရမ်းရမ်း နဲ့ အမြဲ ပွဲတွေနဲ့သာ အချိန်ကုန်နေတတ်တယ်။ ဒီထက်နာမည်ကြီးတဲ့သတင်းကတော့ မော်လီဟာ  အရေးပိုင်မင်းရဲ့သားနဲ့ လက်ထပ်တော့မယ်ဆိုတဲ့သတင်းပဲ။ ´´

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now