အပိုင်း(၃)

1.9K 217 29
                                    

Unicode

မေမြို့၏ အေးမြလှသော နှင်းမြူများအောက်တွင် အိုဗါလင်း ဂျစ်ကားလေးတစ်စီးသည် ထိုနှင်းမြူများကြားတွင် တရွေ့ရွေ့နှင့် မြို့အုပ်မင်း အိမ်တော်သို့ မောင်းနှင်လာသည်။

'' ဆရာ ရေအရင်ချိုးမလား ဒါမှ မဟုတ် ထမင်းအရင်စားမလား ´´

ထို အိုဗါလင်း ကားလေးပေါ်မှ မေမြို့၏ မြို့အုပ်မင်း မိုးသစ်ဦးမောင် ဆင်းလာသည်နှင့်တစ်ပြိုင်နက် အိမ်ထဲမှ တပည့်ဖြစ်သူ ထွန်းတောက် ပြေးလာပြီး အနှီးမြို့အုပ်မင်း၏လက်ထဲမှ  အနောက်တိုင်း အိတ် လေးကို လက်ကမ်းယူရင်း မေးလိုက်လေသည်။

'' ရေပဲ အရင်ချိုးတော့မယ်...နို့မေမေရောထမင်းစားပြီးပါလား ´´

'' ကျွန်တော်ကျွေးထားပေမဲ့ အရင်အတိုင်းပါပဲ ဆရာ နှစ်လုပ်အပြင်ပိုမစားဘူး ´´

'' ဟင်း !´´

သစ်မောင် သက်ပြင်းလေးသာ အသာချလိုက်ပြီး ဘွတ်ဖိနပ်ကို ချွတ်ကာ မိခင်ဖြစ်သူနေထိုင်တဲ့ ခေါင်းရင်းအဆောင်ဆီက အခန်းဆီသို့သာ
ဦးတည်သွားလိုက်လေသည်။

သစ်မောင်သည် တစ်ချိန်က ကြီးကြီးတက်ချမ်းသာခဲ့သော မန္တလေးမြို့၏ မြို့မျက်နှာဖုံး ဦးမိုးမောင် နှင့် ဒေါ်ခင်သီတာဦး တို့၏ တစ်ဦးတည်းသော သားလေးဖြစ်သည်။ ဖေဖေ မော်တော်ကားမတော်တဆ ဖြစ်မှုနှင့်ဆုံးသွားပြီးသည်မှ စ၍ ထိုးကျသွားသော စီးပွားရေး ၊ ခင်ပွန်းဖြစ်သူဆုံးသွားခဲ့သည့်အချိန်မှ စ၍ ကားမတော်တဆမှုကြောင့်ရရှိလာသော  အောက်ပိုင်းဒဏ်ရာကြောင့် လမ်းပင်မလျှောက်နိုင်တော့ပဲ  စိတ်ထောင်းကိုယ်ကြေ ဖြစ်ကာအမြဲ တငူငူ နှင့်စကားပင်မပြောတော့တဲ့မိခင်တို့ကြောင့် သစ်မောင် မှာ ကိုယ်ထူး ကိုယ်ချွန်နှင့် ဒီအခြေအနေထိရောက်အောင်  မနည်းကြိုးစားခဲ့ရလေသည်။

'' မေမေ ထမင်းမစားဘူးဆို...´´

အောက်ဘီးတပ် သစ်သားထိုင်ခုံလေးပေါ်တွင် ထိုင်ကာ ပြတင်းပေါက်မှ အပြင်သို့ တွေတွေလေး ငေးမောနေတဲ့ မိခင်ဖြစ်သူကို အခန်းဝမှ ကြည့်ပြီး သစ်မောင် ပြောလိုက်လေသည်။

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Tempat cerita menjadi hidup. Temukan sekarang