အပိုင်း(၁၀)
1.6K 184 37
ဆောင်းနှင်းဝေသီနေသော မေမြို့၏ နံနက်ခင်းတွင် အိုဗါလင်း ဂျစ်ကားလေးတစ်စီးသည် နှင်းမြူများအကြားသို့ တိုးဝင်ကာ တစ်ရွှေ့ရွှေ့ခရီးနှင်နေလေသည်။
မညီညာသော တောင်ပေါ်လမ်း လေးပေါ် မော်တော်ကားစီးရင် ဘေးဘီဝဲယာ တွင် စိမ်းစို လှပနေသော ထင်းရှူးပင်ကြီးများနှင့် အဆောက်အဦး နီနီ တွေကိုကြည့်ရင်း လရောင် ပြုံးကာလိုက်ပါလာလေသည်။ တစ်ခုပြီးတစ်ခု ကို ထူးဆန်းသလို ကြည့်ရင်း အပြုံးလေးနှင့် လိုက်ပါလာသော လရောင်ကို သစ်ဦး ခဏ ခဏ ခိုးကြည့်ကာ လှော်ကား ဥယာဥ်သို့သာ ဦးတည်လိုက်လေသည်။
'' အေးနေသလား လရောင် ´´
ရုတ်တရက် ငြိမ်သွားပြီးလက်ကလေးနှစ်ဖက်အားပိုက်ကာ ဘေးဘီဝဲယာ သို့ငေးနေသည့် လရောင်အား သစ်ဦးမေလိုက်လေသည်။
'' အရမ်းကြီးတော့မဟုတ်ပါဘူးလေ ´´
လရောင်ထိုစကားလေးတစ်ခွန်းသာပြောလိုင်ပြီး အပြုံးမမည်သော အပြုံးလေးတစ်ခုအား ပြုံးလိုက်သည်။ လရောင်ဟာ ငယ်စဥ်ကတည်းက တစ်ပါးယောကျ်ားလေးများနှင့်မတူစွာ အနုအယွ၊ အလှအပကို စိတ်ဝင်စားသည်။ ယောကျ်ားတစ်ယောက် လို့မထင်ရလောက်အောင်ပင် မိန်းမဆန်ကာ မိန်းမချောချောသည်။ ထိုအလှကြောင့် အမြဲလိုလို မမမော်လီ ဆီမှ အမုန်းခံခဲ့ရသည်။ လရောင် ရုတ်တရက် မိမိငယ်ဘဝနှင့် မိမိပုံစံကို ပြန်တွေးမိပြီး ဝမ်းနည်း လာလေတော့သည်။အတိတ်ကိုပြန်တွေးမိတော့ ဝမ်းနည်းစိတ်လေးဖြင့် အကြောင်းမဲ့သက်သက်သာ ဘေးပတ်ဝန်းကျင်ကိုငေးကြည့်နေမိသည်။
''လရောင် မုန့်စားချင်သလား ´´
''ဟင်´´
''လရောင်မုန့်စားချင်သလားလို့ပါလေ။ဒီနားမှာ ခေါပုတ်မီးကင် သိပ်ကောင်းတာ ။ဒါမှမဟုတ်လည်း ဘိလပ်ရည်သောက်မလား ´´
''မသောက်တော့ပါဘူး ´´
တစ်ခုခုကိုတွေးပြီးဝမ်းနည်းနေဟန်ရှိသည့် လရောင်အား သစ်ဦး ကားမောင်းနေရင်းနှင့်ပင် တစ်ခုမဟုတ် တစ်ခုပြောနေမိလေတော့သည်။
'' လရောင်တို့ မြို့ကြီးပြကြီးကလို ဘိလပ်စာတွေ မပေါပေမဲ့ ဒီနားက ခေါပုတ်မီးကင်ကတော့ဖြင့် လွှတ်ကောင်းတာ။စားကြည့်ပါလေ။ကျုပ်ကားခဏရပ်ပြီးဆင်းဝယ်လိုက်ပါ့မယ်´´