အပိုင်း(၄)

1.7K 208 29
                                    

Unicode

''အို ...ဒါသက်သက် အနိုင်ကျင့်တာ ´´

ရတနာကျော် စံအိမ်ကြီး၏ အနောက်တန်းယားမှထွက်ပေါ်လာသော အသံဖြစ်သည်။
ခင်ထွေး မိန်းကလေးလို ဝတ်စားပြီး ခရီးသွားရန် အဝတ်အစားတွေ ထည့်နေတဲ့ လရောင်ကို ကြည့်ပြီး မခံမရပ်နိုင်ဖြင့်သာ ပြောလေတော့သည်။

'' ဘယ်နဲ့ သူတို့ဘာသာ ကတိတွေထားခဲ့ရင်လည်း ကိုယ့်ဟာကို သွား​ပေါ့ ဘယ်နဲ့ကွယ် ခုတော့ဖြင့် ခင်လေးက အစားသွားရတယ်လို့ ´´

ခင်ထွေး လရောင်ကိုကြည့်ပြီး ဂရု‌ဏာဒေါသလေးတွေနဲ့ပြောလိုက်ပေမယ့် အဝတ်အစားတွေထည့်နေတဲ့ လရောင်ကတော့ ခင်ထွေးကို အပြုံးမမည်သော အပြုံးလေးတစ်ခုသာ ပြုံးပြပြီး ခေါင်းလေးခါပြလိုက်လေသည်။

'' ခင်ထွေးပါ လိုက်ခဲ့မယ်နော် ခင်လေး ´´

''နေပါ ခင်ထွေးရယ် အရီးတုတ်ကိုပဲ လရောင်ကိုယ်စား ဂရုစိုက်ပေးနော် ´´

''ဘယ်နဲ့ ကြား ကြားဘူးပါဘူး တော် ကိုယ့်ကို အနိုင်ကျင့်နေမှန်းသိရက်နဲ့  ခင်လေးမို့အကုန်ခေါင်းငြိမ့်နေရတယ်လို့ ´´

''ဖေဖေ ကိုယ်တိုင်ကကိုသွားစေချင်နေမှတော့ ဘယ်တတ်နိုင်ပါ့မလဲ ခင်ထွေးရယ် ´´

လရောင် ဝမ်းနည်းစိတ်ကိုမြိုသိပ်ကာ တိုးတိုးလေးသာပြောလေတော့သည်။

'' ခင်ထွေးတော့ ခင်လေးကို သတိရနေတော့မှာပဲ ဟိုမှာလည်း အနိုင်ကျင့်မခံနဲ့ ခင်လေး ခင်ထွေးကိုကြေးနန်းလေးတော့ပို့ ´´

'' ကြေးနန်းပို့ရအောင် လရောင်မှ စာမတတ်ပါပဲ ခင်ထွေးရယ် ´´

လရောင် ပြုံးပြုံးလေးပြောလိုက်ပေမဲ့ မျက်ဝန်းထဲတွင်တော့ ဝမ်းနည်းရိပ်၊ အားငယ်ရိပ်များ ဖြတ်ပြေးနေလေသည်။

'' အဟင့်...  !ခင်လေးရယ် ...´´

ခင်ထွေး လရောင်ကိုကြည့်ပြီး စိတ်မကောင်းလွန်းသောကြောင့် ပြေးဖက်ပြီးသာ ငိုလေတော့သည်။
လရောင် ထိန်းထားသမျှ မျက်ရည်တွေကို စီးကျခွင့်ပေးလိုက်ပြီး ခင်ထွေးကို ပြန်ဖက်လိုက်လေသည်။

ခင်ထွေး မူလတန်းအောင်ပြီး မိဘတွေဆုံးသွားတဲ့ အချိန်ကစပြီးအရီးဖြစ်သူ ကြီးတုတ်နှင့်အတူနေရန်  ဒီစံအိမ်ကြီးကို ရောက်လာခဲ့လေသည်။ ခင်ထွေး ဒီစံအိမ်ကြီးကိုရောက်လာတော့ ခင်လေး ကလည်း ခင်ထွေးနှင့် ရွယ်တူဖြစ်သည်။ ခင်ထွေး ကမှ မူလတန်း အောင်ခဲ့၍ ဘိလပ်( မျက်နှာဖြူ) စာ မတတ်ပေမဲ့ မြန်မာစာတော့ ကောင်းကောင်း ရေးတတ် ၊ ဖတ်တတ်သေးသည်။
ခင်လေးကတော့ မဟုတ် ငယ်ငယ်ထဲက ဒီအိမ်ကြီးမှာ မိခင်ဖြစ်သူနဲ့ အတူ အိမ်အလုပ်မှန်သမျှ ကူလုပ်ပေးရသည်။ မိခင်ဖြစ်သူ ဆုံးသွားတော့လည်း ဒီအိမ်ကြီးမှာ အိမ်အစေခံတစ်ယောက်လို အောက်ချေသိမ်းက အစ လုပ်ပေးရသည်။ ခင်ထွေး ဒီအိမ်ကို စစရောက်သော အချိန်က လရောင်ကို အိမ်အစေခံဟုပင် ထင်မိသည်။ နောက်မှ ကြီးတုတ်ပြော မှ သိလိုက်ရသည်က သခင်ကြီး၏ တိတ်တိတ်ပုန်းသားဖြစ်သည်ဆိုသည်ကိုပင်...။
မည်မျှပင် တိတ်တိတ်ပုန်းသား ဖြစ်ပါစေအုံးပညာလေးတော့ သင်ပေးသင့်သည်မဟုတ်ပါလား... ခုဟာကတော့ဖြင့် စာမကြိုးစားပဲ အပျော်အပါးမက်ကာ ရည်းစားသနာထည်လဲ တွဲပြီး ဘော်ကျော့နေတတ်တဲ့ မမမော်လီကျတော့
ဖြင့် ကောလိပ်အထိထားပေးပြီး လရောင်ခင်လေးကိုတော့ဖြင့်

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Onde as histórias ganham vida. Descobre agora