အပိုင်း (၁၉)

1.6K 136 28
                                    

'' ခင်လေး အိပ်မပျော်လို့လားဟင် ´´

လရောင် ဒီနေ့တစ်နေကုန် မမမော်လီနှင့် မေမေမြင့်တို့ ဝေယျာ ဝစ္စ တွေ အကုန်လိုက်လုပ်ပေးပြီး ညဘက်ရောက်တော့လည်း မေမေကြီး ကိုအဖော်လုပ်ကာ အိပ်ရန်ပြင်လိုက်တော့ အတွေးပေါင်းစုံနှင့် အိပ်မပျော်တာကြောင့် တိတ်တိတ်ကလေးသာ ခြံထဲ ဆင်းထိုင်နေလေသည်။ တစ်ယောက်တည်း ခြံထဲတွင် အတွေးပေါင်းစုံနယ်ချဲ့ နေတုန်း အနောက်ဘက်ဆီမှ အသံကြောင့် လှည့်ကြည့်မိတော့ ခင်ထွေး ဖြစ်နေလေသည်။

'' အင်း ခင်ထွေး လာလေ။ ဘာလဲ အေးလို့ အိပ်မပျော်ဘူးလား။ ဒါတောင် ဆောင်းကုန်သွားလို့နော် ။ နို့မို့ဆို မလွယ်ဘူး။ ´´

ချည်သဘက် ကလေးကို ခြုံကာ လက်ကလေးပိုက်ပြီး ရပ်နေသည့် ခင်ထွေးကြောင့် လရောင်ပြောလိုက်လေသည်။

'' အင်း ရန်ကုန်မှာထက် တော့ အေးတာပေါ့ ခင်လေးရဲ့။ နို့ပေမဲ့ အေးတာတစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူး။ အိပ်ရာ အပြောင်းအလဲ ဆိုတော့ အိပ်မပျော်ဘူး ခင်လေးရဲ့ အဲဒါနဲ့ လကလေးကလည်းသာနေတော့ ခြံထဲဆင်းခဲ့တာ။ ခင်လေးကိုတွေ့တာပဲ။ ကဲပြောပါအုံး တစ်ယောက်တည်းထိုင်ပြီး ဘာတွေများ တွေးနေ၊ ဆွေးနေလဲ။´´

ခင်ထွေး ၏ အမေးကြောင့် လရောင် ပြုံးကာ ခေါင်းကလေးသာ ခါပြလိုက်လေသည်။

''  နို့ အရီးတုတ်ရော နေကောင်းတယ်မဟုတ်လားကွယ်။ ခင်လေး ရန်ကုန်ကို တယ်လီဖုန်းမဆက်တာကြာတော့ မေးတောင်မမေးဖြစ်ဘူး။ ´´

'' အရီးက ကောင်းပါတယ် ခင်လေးရဲ့ ။ ခု ခင်ထွေး ဒီကိုလိုက်လာတော့ အရီးကို ရွာက ကလေးမလေး ၂ယောက်နဲ့ ရန်ကုန်အိမ်မှာ အိမ်စောင့်ထားခဲ့တယ်လေ။  အစက ခင်ထွေးက်ိုတောင် ခေါ်ချင်တာမဟုတ်ဘူး မမမော်လီပါ ပါတာနဲ့ ခင်ထွေးကို ခေါ်လာတာ။ ´´

'' နို့ဒါဖြင့် ဖေဖေကရော။ ´´

'' ဘဘကြီးက ခင်ထွေးတို့နဲ့ ဒီလိုက်ခဲ့တာလေ နို့ပေမဲ့ မြို့ထဲမရောင်ခင် တစ်နေရာရာမှာကျန်ခဲ့တာ။ ဒါကို မေမေမြင့်က မြို့အုပ်မင်းကို ဘာကြောင့် ဘဘကြီး ရန်ကုန်မှာ ကျန်ခဲ့တယ်လို့ပြောတာလဲတော့ ခင်ထွေးလည်း စဥ်းစားလို့မရဘူး။ ´´

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Kde žijí příběhy. Začni objevovat