အပိုင်း(၁၂)

1.9K 198 41
                                    


လရောင် မေမြို့သို့ ရောက်နေသည်မှာ ယနေ့ဆိုလျှင် တစ်လ သီတင်း ပြည့်ပြီ ဖြစ်သည်။ ရန်ကုန်အိမ်မှ မေမေမြင့်တို့ဆီမှ ရန်ဖန်ရန်ခါ ဖုန်းခေါ်တတ်ပေမဲ့ လရောင်ကိုတော့ အကြောင်းမရှိရင် မခေါ်နဲ့ဆိုသောကြောင့် လရောင် အဆက်အသွယ်ပင်သိပ်မလုပ်ဖြစ်ပေ။ လရောင် နေသည့် တစ်လအတွင်း မေမေကြီး၏ အခြေ အနေသည် တော်တော် သိသိသာသာပင် ကောင်းလာသည်။ အရင်လို တစ်မှိုင်မှိုင် ၊ တစ်ထွေထွေ မဟုတ်တော့ဘဲ လရောင်နှင့် စကားတွေ အများကြီးပြောနေပြီ ဖြစ်သည်။ လရောင်မေမေကြီးအား မနက်စာ​ကျွေးပြီး ပျင်းပျင်းရှိသည်နှင့်  ခြံထဲတွင် အလုပ်ရှုပ်နေသည့် ကိုထွန်းတောက်ဆီ ခြေဦး တည်လိုက်လေသည်။

'' ကိုထွန်းတောက် ''

'' အယ် နိုးပြီလား အစ်မလေး။ ''

ထွန်းတောက် အလုပ်လုပ်နေရင်း နောက်ကျောဘက်အရပ်ဆီမှ ထွက်ပေါ်လာသော အစ်မလေး အသံကြောင့် လှည့်ကြည့်ကာ ပြောလိုက်လေသည်။

'' နိုးပါပြီပေါ့လား။ မေမေကြီးကိုတောင် ထမင်းကျွေးပြီးပါပေါ့ ။ ဒါနဲ့ ဒီနေ့ ကိုထွန်းတောက် စျေးသွားတာမဟုတ်လားဟင်။ လရောင် နောက်ကျသွားလို့တောင်းပန်ပါတယ်နော် ''

'' မဟုတ်တာ အစ်မလေးရယ် ။ ရပါတယ်လေ ကျုပ်အစ်မလေးမရှိခင်ကတည်းက လုပ်နေကျတွေပါ။ စိတ်ထဲထားမနေနဲ့။ ကျုပ်ထမင်းအိုးလေးတည်ထားပြီးပြီ ။ ကြက်သားလည်းကြော်ထားတယ်။ ကန်ဇွန်းရွက်လေး ကိုစားခါနီးမှ ပူပူလေးကြော်ကြမယ်။ ''

'' ဟုတ်ပါပြီတဲ့။ ကဲပြော ခုဘာလုပ်နေသလဲ။ လရောင်ဘာကူလုပ်ပေးရမလဲ။''

'' ရပါပြီ အစ်မလေးရယ်။ နေပါ။ ကျုပ်မခိုင်းရက်ပါဘူး။ တော်တော်ကြာ ကျုပ်ဆရာက သူ့ဇနီးလောင်းလေးကို ခိုင်းရမလားဆိုပြီး ကျုပ်ကိုဆိုနေပါဦးမယ်''

'' ဟာ ကိုထွန်းတောက်ကြီးကလည်း ပေါက်တက်ကရတွေ၊ အဲ့သည်လိုကြီးမစပါနဲ့။ လရောင်ဖြင့်မနေတတ်ပါဘူးလေ။''

လရောင် ရှက်ကိုး ရှက်ကန်းကလေးဖြင့်ပြောလိုက်လေသည်။ လရောင်နေနေသည့် အချိန်အတောအတွင်း ကိုထွန်းတောက်ကြီးသည် အရင်ကထက်ပိုပြီး ရဲရဲတင်းတင်းစတတ်သည်။ ကိုမိုးဦးသစ်မောင် ရှေ့ပင် မရှောင်စတတ်သည်မို့ လရောင်တို့နေရခက်သည်မှာလည်း အခါခါ။ မစပါနဲ့ ပြောလျှင် သာ၍ စတတ်သော ကိုထွန်းတောက်ကြောင့် လရောင်ဘာမှမပြောဘဲသာ နေလေတော့သည် ။

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now