အပိုင်း(၁၃)

1.5K 168 36
                                    

ယနေ့သည်လရောင်၏ မေမေ ဒေါ်မိမိ ဆုံးသည်မှာ ၁၂ နှစ်ပြည့်သော နေ့ဖြစ်သည်။ လရောင်မနက်အစောထကာ ခြံထဲဆင်း၍ ဖြူဖြူဖွေးဖွေး စံပယ်ပန်းကလေးများအား ကြိမ်ခြင်းလေးအပြည့်ခူးကာ ၊ နီနီရဲရဲ နှင်းဆီ ပွင့်လေးများအားလည်း ခူးလိုက်ပြီး ဘုရားပန်းလဲ လိုက်လေသည်။စံပယ်ပန်းကလေးများအား ရေဆေးပြီး ပန်းကန်ထဲထည့်၍ ဘုရားလှူကာ ပိုနေသော စံပယ်ပန်းကလေးများအားလည်း သီကုံးလိုက်ပြီးတစ်ချို့တစ်ဝက်ကို မေမေ့အတွက်ရည်စူးပြီးဘုရားပန်းကပ်၍ တစ်ကုံးအား မေမေကြီးအတွက်သီကာ ကျန်တစ်ကုံးအား  လရောင်ပန်ဆင်ရန်ထားလိုက်လေသည်။ ထို့နောက် ထမင်းချက်ရန် မီးဖိုဆောင်အတွင်းသို့ဝင်လိုက်ပြီး ချက်ပြုတ်ကာ ဘုရားဆွမ်းတော်ကပ်လိုက်ရင်း အလုပ်ရှုပ်နေလေတော့သည်။

'' အို အစ်မလေး ဒီကနေ့တယ်စောသကိုး''

'' ဟယ် ကိုထွန်းတောက်ကြီးလရောင်ကြောင့် နိုးသွားသလား ''

လရောင် မီးဖိုချောင်ထဲအလုပ်ရှုပ်နေတုန်းကျောဘက်ဆီမှ ကိုထွန်းတောက်ကြီး၏အသံကြောင့် အားနာသလိုအပြုံးလေးတစ်ခုပြုံးပြလိုက်ပြီးမေးလိုက်လေသည်။

'' ရပါတယ်အစ်မလေးရယ်။ နို့ အစ်မလေး ဒီနေ့ ဘာတွေများအလုပ်ရှုပ်နေသလဲ။ ''

'' ဒီကနေ့က လရောင် အရမ်းချစ်ရတဲ့ လူတစ်ယောက် လူလောကထဲက ထွက်သွားတာ ၁၂နှစ်ပြည့်ပေါ့။ ဒါ့ကြောင့် လရောင် ဒီနေ့ အလှူသေးသေးလေး ဖြစ်ဖြစ် လုပ်ပေးချင်လို့ပါ''

'' သြော် ။သြော် ဒီလိုကို။''

"ဒါနဲ့လေကိုထွန်းတောက်ကြီး ဒီကနေ့လရောင်ကိုဘုရားလိုက်ပို့ပါ့လား"

"အဲ အဲ့သလိုဆိုမှဒုက္ခပဲ။ ကျုပ်မအားဘူး အစ်မလေးရဲ့။ဆရာကဒီကနေ့ မန္တလေးဆင်းမှာဆိုတော့ ကျုပ်ကအလုပ်ရှုပ်မှာ။နို့ ဒီလိုလုပ်ပါ့လား။ အစ်မလေးကျုပ်ဆရာနဲ့မန္တလေးလိုက်သွားလှည့်။ အလည်သဘောလည်းရောက်၊ဘုရားလည်းဖူးရင်းပေါ့။ဟိုမှာအစ်မလေးလှူချင်တာရှိရင်လည်းလှူခဲ့ပေါ့"

"ဖြစ်မယ်မထင်ပါဘူးကိုထွန်းတောက်ရယ်။ "

"အို ဖြစ်တာမှဖြစ်ဖြစ် ဖြစ်ဖြစ်တောင်မြည်ပါသေးလား အစ်မလေးရာ။လိုက်သာသွား ဘယ်သူမပါဘူး ။ကျုပ်ဆရာတစ်ယောက်တည်းပါလေ။ဆရာလည်းအဖော်ရ ၊အစ်မလေးလည်းလိုချင်တာရ သာလို့တောင်အဆင်ပြေသေး။"

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now