အပိုင်း(၂၃)

564 77 22
                                    

'' နို့မဟုတ်သေးပါဘူး။ ဒီအသံကို ရင်းရင်းနှီးနှီးကို သိနေပါတယ်''

'' ဘယ်အသံကိုလဲ မာမီရဲ့ ''

'' အရူးမရဲ့အသံ ကိုမာမီစိတ်ထဲသိပ်ဘဝင်မကျလှဘူး''

အိပ်ခန်းထဲတွင်လမ်းလျှောက်ရင်း စိတ်အလိုမကျသလိုပြောလာသောမာမီကြောင့် မော်လီနားမလည်သလိုပြန်မေးမိသည်။

'' မိမိ အသံနဲ့သိပ်တူတာပဲ ''

'' ဟင် ဒေါ်လေးမိ ရဲ့အသံလားမာမီ''

'' အင်း သိပ်ကိုတူလွန်းတယ်''

'' ဒေါလေးမိ ဆုံးသွားတာဖြင့် ၁၃နှစ်လောက်တောင်ရှိပါတော့မယ် မာမီရယ် ဒီတိုင်းတူတဲ့အသံပဲနေမှာပါ။''

* ဟုတ်တယ် မိမိက သေသွားပြီ။ ငါ့ရှေ့တွင်သေသွားတာ။ မိမိဖြစ်စရာဘာအကြောင်းမှမရှိဘူး ။ * ဒေါ်မာရင်မြင့် စိတ်ထဲမှာတွေးရင်း လက်တွေပင်တုန်လာလေသည်။

*သေသွားပြီ။ ဟုတ်တယ် ငါကိုယ်တိုင်သတ်ခဲ့တာ။ ငါကိုယ်တိုင်မော်တော်ကားနဲ့တိုက်သတ်ခဲ့တာ ။ အသက်ရှင်စရာအကြောင်းမရှိဘူး*

ဒေါ်မာရင်မြင့်ခေါင်းတစ်ခါခါနဲ့သာ အတွေးတွေများရင်း မောဟိုက်လာလေသည်။

'' မာမီ အဆင်ပြေရဲ့လား။ ဘာဖြစ်လို့လဲဟင် ''

'' ဟင်..အင်း မာမီ အဆင်ပြေပါတယ်။ ''

* ငါသွားကြည့်ရမယ်။ ငါသွားကြည့်ပြီးအတည်ပြုရမယ်*

>>>>
<<<<

'' လရောင် မျက်နှာလည်းမကောင်းပါ့လား။ဘာပြုလို့ပါလိမ့် ''

ခြံထဲတွင်ပန်းပင်တွေရေလောင်းနေသောလရောင်၏ အနားသို့ ရောက်လာပြီး လရောင်အားကြည့်ကာမေးလာသောလူကြောင့်လှည့်ကြည့်မိတော့ မြင်ရသောကိုရစ်ချက် ကြောင့်လရောင်မျက်လုံးတို့ပြူးသွားလေသည်။

'' ကိုရစ်ချက် ''

'' တော်သေးတာပေါ့ လရောင်လေးက ကိုယ့်ကိုမှတ်မိသေးလို့။ ဒီလိုလေးဝတ်စား ထားတော့လည်း တကယ့်မိန်းကလေးလိုလေးပါ့လား လရောင်ရယ်။ ''

ကိုရစ်ချက်၏ စကားကြောင့် လရောင်လန့်ကာ ဘေးဘက်ဝဲရာအားကြည့်လိုက်မိသည်။

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now