အပိုင်း(၅)

1.8K 208 23
                                    

Unicode

ရန်ကုန်မြို့တော် ၏ ရန်ကုန်ဘူကြီးတာကြီးအတွင်း၌ စျေးသည် များ ၊ ကုန်တင်၊ ကုန်ထမ်းသူများ ၊ ခရီးသွားသူများ နှင့်သာ ပျားပန်းခက်မျှ စည်ကားနေလေသည်။ ထိုဘူတာကြီး အနီးသို့ လန်ချား လေးတစ်စီး ရပ်လာသည်။ လရောင် အဝတ်အစားအိတ် လေးအားဆွဲကာ လန်ချားပေါ်မှ ဆင်းလိုက်ပြီး ငွေရှင်းလိုက်ကာ ယောင်လည်လည်နှင့်သာ ဘူတာကြီးထဲဝင်လာလေသည်။
လရောင် ဘူတာကြီးထဲ ရောက်တော့ ရထားကြေငြာ သံကို နားထောင်ပြီး ဖြတ်ထားတဲ့လက်မှတ်လေးက်ို တင်းနေအောင် ဆုတ်ကိုင်လိုက်သည်။ ခနအကြာတွင်တော့ ရထားထွက်ချိန်နီးလာပြီ ဖြစ်၍ လရောင် ရန်ကုန်၊မန္တလေး အမြန်ရထား ပေါ်သို့ အဝတ်အစားအိပ်လေးဆွဲကာ တက်လိုက်လေသည်။တစ်သက်နဲ့ နဲ့တစ်ကိုယ် ခရီးသွားဖို့ မပြောနှင့် အိမ်ထဲ က အိမ်အပြင်တောင် မထွက်ဖူးတာကြောင့် လရောင်ကြောက်စိတ်ရော ၊ အားငယ်စိတ်ပါ ရောထွေးနေလေသည်။

လရောင် ရထားပေါ်တက်လိုက်ပြီး ထိုင်ရမည့် ထိုင်ခုံလေးလိုက်ရှာကာ ဝင်ထိုင်လိုက်လေသည်။ အဝတ်အစား အိတ်လေးကို အောက်မချနိုင်ပဲ လရောင်ပေါင်ပေါ်တင်ကာ တင်းနေအောင်ဆုတ်ကိုင်ထားလေတော့သည်။

'' ဟိုရောက်ရင် ကြေးနန်းပို့နော် ကြေးနန်းပို့ဖို့မအားရင်တယ်လီဖုန်းလေးတော့ဆက်လှဲ့အုံးကြားသလားသမီးငယ် ''

'' ဟုတ်ပါပြီ ဖေဖေရယ် သမီး ဖေဖေပြောသမျှ အကုန် မှတ်ထားပါတယ်နော် ''

လရောင် ရထား ပြတင်းပေါက်လေးကနေ အပြင်ကိုစူးစမ်းနေတုန်း လရောင်ရဲ့ ပြတင်းပေါက်အနီးနားက သားအဖနှစ်ယောက်ကိုကြည့်ပြီး လရောင် ရေးရေးလေးပြုံးလိုက်လေသည်။ သမီးဖြစ်သူ ခရီးသွားမည်ကို စိတ်မချ၍ ထင်ပါသည် အမှာတော်ပါးနေသည်မှာ ရထားပင်ထွက်တော့မည်။ လရောင် ထိုသားအဖ ကိုကြည့်မိတော့
ဖေဖေ့ကိုသတိရသွားပြန်ကာ ဝမ်းနည်းလာပြန်ပါသည်။ လရောင် ငယ်စဥ်ထဲက ယခုချိန်အထိ တစ်ခါမျှ ဖခင်ဖြစ်သူဆီက ဂရုစိုက်မှုရော ၊သားတစ်ယောက်ကဲ့သို့ အသိအမှတ်ပြုမှုပါ မရခဲ့ဘူး မဟုတ်ပါလား ။

'' ပူးးးးပေါ်......!''

လရောင် အဝတ်အစားအိပ်လေးထဲက မေမေ့ ဓာတ်ပုံလေးကို ထုတ် ကြည့်လိုက်ပြီးအတွေး ပင်လယ်ထဲ နစ်မြောနေရင်း ရထားဥသြသံ ကြားကာမျှ အသိပြန်ဝင်လာလေသည်။
လရောင် ရထားဥသြ သံကြားတော့ ဘေးဘက်ဝေးရာကိုကြည့်မိတော့ စောစောက ကောင်မလေးက လရောင်ဘေးနားရောက်လာလေသည်။

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)On viuen les histories. Descobreix ara