အပိုင်း(၇)

2K 217 67
                                    

Unicode

'' ဘာပြုလို့ အဲ့သည်လောက်များ အလှပေါ်အယဥ် ဆင့်နေရပါလိမ့် ''

သစ်ဦး ခြံထဲမှာ ဦးကိုကိုကျော်၏ သမီးဖြစ်သူမော်လီဆိုသော ကောင်မလေးအားမြင်ပြီး
တခဏချင်း လှိုက်တက်ကာခုန်လာသော ဘယ်ဘက် ဘယ်ဘတ်ရင်အုံသို့ လက်ကလေးနှင့်သာအသာဖိပြီးပြောလိုက်လေသည်။

"သူက မော်လီရော ဟုတ်တန်ပါရဲ့လား "

သစ်ဦးအိမ်ထဲဝင်သည့် လမ်းတစ်လျှောက် အနှီးကောင်မလေးအားကျောခိုင်းကာအတွေးများစွာဖြင့်သာခေါင်းထဲနေရာယူထားလေသည်။ သစ်ဦး သတင်းစကားပြန်ကြားထားသည့် အတိုင်းဆိုလျှင် မော်လီသည် ခေတ်ဆန်ကာ ထက်မြတ်ပြီး မာန်မာနရှိသော မိန်းကလေးဖြစ်သည်။ အလှဂုဏ်၊ပညာဂုဏ်မောက်သော မိန်းမပျိုဖြစ်သည်။ ရည်းစားသနာ အရှုပ်အရှင်းများသည်။ခုသစ်ဦးတွေ့ခဲ့သည့် မော်လီဆိုသော မိန်းမပျိုနှင့် နှိုင်းယှဉ် စရာ မရှိအောင်ပင် ကွဲပြားနေသည် မဟုတ်ပါလား။လေသိမ်းတိုင်းယိမ်းနွှဲ့ နေသည့် ဆံနွယ်များနှင့် တစ်စုံတစ်ခုအား ဖုံးကွယ်ထားသည့်ရွှန်းလဲ့လဲ့မျက်ဝန်းတစ်စုံနှင့် နီနီရဲရဲ နှာဖျားလေးပေါ်တွင် ခန့်ခန့်ထည်ထည် တည်ရှိနေသည်ဟု မှဲ့နက်ကလေး တစ်လုံးရယ်ကြောင့် အလှပေါ်အယဉ်ဆင့်နေသော မျက်လုံးမှမထွက်သည့် တို့ပုံရိပ်လေးကြောင့် သစ်ဦးမနေနိုင်တော့ပါပဲ နောက်တစ်ခေါက်လည်ပြန်ကြည့်မိပါတော့ ရင်ဘက်ကလေးပေါ် လက်ကလေးတင်ကာ သစ်ဦးကို
တဖန်လှည့်ကြည့်လာတဲ့ သူမနှင့်မျက်လုံးချင်းစုံမိသွားလေသည်။

" ဆရာ ထမင်းစားတော့မလား ကျုပ်ပြင်လိုက်တော့မယ်လေ "

သစ်ဦး အတွေးများနေတုန်း ထွန်းတောက်၏ အသံကြောင့် အတွေးများရပ်လိုက်လေသည်။

" နေပါစေအုံး ရေအရင်ချိုးလိုက်အုံးမယ် ပြီးမှစားမယ် ဒါနဲ့မေမေရောစားပြီးပြီလား "

" ကျုပ်စောစောကသွားကျွေးတာတော့မစားဘူး ဆရာရဲ့ ကျုပ်ပြီးမှ ထပ်သွားကျွေးလိုက်ပါ့မယ် "

သစ်ဦး ထွန်းတောက်အား ခေါင်းလေးသာညိတ်ပြလိုက်ပြီး အခန်းထဲဝင်ကာရေချိုးရန် ပြင်လိုက်လေတော့သည်။သစ်ဦး ရေချိုးပြီးပြန်ထွက်လာတုန်း ပြတင်းတံခါးမှ ခြံထဲသို့လှမ်းကြည့်မိပြန်တော့ ပန်းပင်တွေကြားထဲတွင် ယခုအချိန်အထိအလုပ်ရှုပ်နေသော အနှီးကောင်မလေးကြောင့် ခေါင်းလေးအားအသာခါပြီး ပြုံးလိုက်ကာ အဝတ်အစားလဲပြီး အောက်ထပ်သို့ ထမင်းစားရန် ဆင်းခဲ့လေတော့သည်။သစ်ဦး ထမင်းစားခန်း ထဲရောက်တော့ ခြံထဲတွင်အနှီးကောင်မလေးမရှိတော့ပေ...။သစ်ဦး ဘာမှမပြောတော့ဘဲ ထမင်းစားပွဲတွင်သာ ဝင်ထိုင်လိုက်လေတော့သည်။

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now