အပိုင်း(၂၄)

517 62 4
                                    

'' သေသွားပြီ..သေသွားပြီး ဟုတ်တယ်မိမိက သေသွားပြီ ''

ဒေါ်မာရင်မြင့် တစ်ဖက်အိမ်မှ ပြန်ပြေးလာပြီးအခန်းထဲရောက်သည်နှင့် တုန်တုန်ရီရီနှင့်သာခေါင်းတစ်ခါခါဖြစ်နေသည်။ လူရိပ်မြင်လို့သာ ပြန်ပြေးလာခဲ့ပေမဲ့ မီးအိမ်အောက်တွင် ခဏမြင်လိုက်ရသည့်မျက်နှာ​အားမျက်စိထဲတွင်​ဖျောက်မရပေ။

''ကြောက်ပါပြီသခင်မကြီးရယ် မိမိ အား! ..ကယ်ကြပါ...ကယ်ကြပါ''

'' နင့်ကိုကယ်မယ့်လူ ဘယ်သူမှမရှိဘူး ။ကိုတင်ညွှန့်..!''

အရှေ့မှ သွေးရူးသွေးတမ်းနှင့်ပြေးနေသော မိမိအား ဒေါ်မာရင်မြင့် ဇိမ်နှင့်ထိုင်ကြည့်ရင်း ကိုတင်ညွန့်အား အမိန့်ပေးလိုက်လေသည်။

'' ဒုန်း!''

'' အား ! ''

မိမိ၏ မချီ့မဆန့် အော်သံကြီးအား ကြားလိုက်ရသည့်အဆုံးတွင် ဒေါ်မာရင်မြင့် မဲ့ပြုံးသာ ပြုံးလိုက်မိသည်။ ဒီလောကကြီးထဲမှာ သူကိုပြိုင်နိုင်မယ့်လူ ဘယ်သူမှမရှိတော့ဘူး။

'' ဂျောက်ထဲ ကျသွားကြီထင်တယ် သခင်မကြီး ''

'' ကောင်းတယ် ထားလိုက်။ ဒီကိစ္စကို မင်းဆရာမသိစေနဲ့။ အို ဘယ်သူမှမသိစေနဲ့ မင်းနဲ့ငါနဲ့ပဲသိပါစေ။ အဖိုးခကိုမင်းလိုချင်သလောက်ပေးမယ်။ ''

'' သူဌေးကြီးက မိမိကိုမေးရင်ရော သခင်မကြီး ''

'' မင်းမှတ်ထားဖို့က ငါဒီနေ့မင်းတို့နဲ့အတူမရှိဘူး။ ငါက စံအိမ်မှာ။ မင်း မိမိကို လိမ္မော်ခြံထဲလိုက်ပြရင်း မိုးရွာလို့ ကားဘီး​ချော်ကျပြီး မိမိဂျောင်ထဲကျသွားတယ် ဒါပဲ။ မှတ်မိသလား ။ ''

'' ဟုတ်ကဲ့ပါ သခင်မကြီး ''

'' အေး ရန်ကုန်ပြန်ရောက်ရင်မင်းမိန်းမတင်တင်မူကို အိမ်လွှတ်လိုက် အဖိုးခကို တောင်းသလောက်ရှင်းပေးမယ်။ ''

အမြဲတမ်း အူတူတူအတတ မိမိကြောင့် သူတို့စီစဥ်ထားတဲ့အတိုင်း ဘယ်သူမှသံသယ မဝင်ဘဲ အဆင်ပြေပြေဖြစ်ခဲ့လေသည်။ အိမ်ဖော်မတစ်ယောက်ကို ဘယ်သူကများ အရေးလုပ်နေမှာတုန်း။ အလောင်းရှာမတွေ့တော့ပေမဲ့ မေမြို့မှာပဲ ရက်လည်လုပ်လိုက်ပြီး မိမိ၏ ကိစ္စတွေက သူစီစဥ်ထားတဲ့အတိုင်းဖြစ်ခဲ့လေသည်။

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now