Part- 1

50.1K 2K 91
                                    

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ

Part- 1
For unicode

ရှောင်းကျန့်ကသူ့ဘေးနားမှာအိပ်ပျော်‌နေတဲ့လူရဲ့နှာတံကိုဖွဖွထိလိုက်ပြီးရှက်ရွံစွာတိုးတိုးလေးခေါ်လိုက်တယ်။ သူဟာသူ့ညီလေးရဲ့ချစ်သူကိုလုယူထားခဲ့တယ်‌ဆိုတာကိုမေ့ထားပြီးတော့ပေါ့...

"လောင်ကုန်း ထတော့လေ"

သူ့အသံကြောင့်အိပ်နေတဲ့လူရဲ့မျက်လုံးတွေပွင့်လာတယ်။ ရှောင်းကျန့်ဟာလည်းထိုမျက်ဝန်းတွေရဲ့စိမ်းသက်မှုကြောင့်သူ့ရဲ့စိတ်ကူးယဉ်အိပ်မက်ထဲကနေလန့်နိုးသွားခဲ့ပြီးမျက်နှာလေးကညှိုးကျသွားခဲ့တယ်။ ပြီးတော့ကပြာကယာလေးပြန်ရှင်းပြလာတယ်။

"ကိုယ်ဒီနေ့long dayဆင်းရမှာ
သားကိုမင်းဘဲကျောင်းပို့လိုက်တော့နော်"

"အခုနကဘယ်လိုခေါ်လိုက်တယ်"

ဝမ်ရိပေါ်ကကိုယ်တုံးလုံးနဲ့ထလာပြီးကုတင်အောက်ကဘောင်းဘီတိုကို‌ကောက်ဝတ်တယ်။ အဲ့ပုံစံကြောင့်ရှောင်းကျန့်ကမနေ့ညကအထိအတွေ့တွေကိုသတိရသွားပြီးမျက်နှာကနီရဲသွားပြန်တယ်။

"ကိုယ်ရိပေါ်အတွက်သွားတိုက်ဆေးလည်းညှစ်ပေးခဲ့ပြီနော်
ရေချိုးပြီးရင်သားကိုမနက်စာကျွေးလိုက်ဦး
ကိုယ်မနက်စာလည်းစီစဉ်ပေးထားခဲ့ပြီ"

ရှောင်းကျန့်ကပြောလည်းပြောရင်းလက်ကလည်းကုတင်ပေါ်ကရှုပ်ထွေးနေတာတွေကိုရှင်းနေတယ်။

"အပိုတွေလုပ်နေတယ် သွားတိုက်ဆေးညှစ်တာလောက်တော့ကိုယ့်ဘာကိုယ်လည်းလုပ်တတ်တယ်"

"ကိုယ်လုပ်ပေးထားတော့ရိပေါ်သက်သာတာပေါ့"

"မလုပ်နဲ့"

ဝမ်ရိပေါ်ကအမြဲတမ်းအဲ့လိုပြောပေမယ့်ရှောင်းကျန့်ကလည်းနေ့တိုင်းသူ့တာဝန်အတိုင်းသူတာဝန်ကျေအောင်လုပ်ပြီးသား။ ရှောင်းကျန့်ကအိမ်မှုကိစ္စလုပ်ရတာလည်းဝါသနာပါတယ်။ သူစိတ်မဝင်စားတဲ့အလုပ်မရှိ‌သလောက်ပါဘဲ။ ကိုယ်ချစ်ရတဲ့သူမို့ကိုယ်တတ်နိုင်သလောက်အရာရာဖြည့်ဆည်းပေးချင်မိတာပါဘဲ။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now