Part- 30

24.3K 1.7K 126
                                    


ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ

Part- 30

For unicode

"ရှောင်း ကျွန်တော်အထဲမဝင်တော့ဘူးနော်"

"ဟိုတစ်ခါတုန်းကကိစ္စကိုမင်းမကျေသေးဘူးလားဟင်"

"မဟုတ်ပါဘူး ဒါပေမယ့်ကျွန်တော်အဲ့ကောင်ကိုမြင်ရင်ဒေါသထိန်းနိုင်မှာမဟုတ်ဘူး
ကျွန်တော့်အတွင်းရေးမှူးကအကုန်ကူညီပေးလိမ့်မယ်"

ရိပေါ်ကအဲ့နေ့ကအထိုးခံလိုက်ရတာကိုအခဲမကျေနိုင်သေးပုံပေါ်သည်။ သူလည်းမစဉ်းစားမဆင်ခြင်‌ဘဲနဲ့အရမ်းကိုဆတ်ဆတ်ထိအခံဖြစ်သွားခဲ့တယ်။ ရိပေါ်သာရန်ငြှိုးထားရင်ရိရန်ဒီဆေးရုံမှာဆက်ပြီးအလုပ်လုပ်လို့ရတော့မှာမဟုတ်ဘူး။

"ကောင်းပါပြီ ရိရန်ကကိုယ့်ကိုကူညီ‌ခဲ့တာပါရိပေါ် သူ့ကိုအငြှိုးမထားပါနဲ့နော်"

"ကျွန်တော်ဘာမှမလုပ်ပါဘူး ဒီအတိုင်းအဲ့ကောင်မျက်နှာကိုမမြင်ချင်လို့
ခင်များနဲ့ဗိုက်ထဲကကောင်လေးကို‌သူစောင့်ရှောက်ပေးခဲ့တာမလား
ကျွန်တော်နားလည်ပါတယ်"

"ကိုယ်ခဏနေရင်ပြန်ထွက်လာခဲ့မယ်"

"အင်း"

ရှောင်းကျန့်ကရိရန်ကိုအားနာနေမိတယ်။ အချိန်ဘယ်လောက်မှမကြာဘဲယောက်ျားနဲ့ပြန်လိုက်သွားမိလို့၊အရင်ကဆင်ဖမ်းမယ်၊ကျားဖမ်းမယ်ဆိုတဲ့စကားတွေကိုလည်းရှက်မိတယ်။ ရှေ့နေတောင်ငှားခိုင်းထားမိတဲ့အထိသူတော်တော်ဆိုးသွမ်းခဲ့မိတာဘဲ။ ပြီးတော့ဟိုကိုလိုက်သွားမယ်လို့တောင်ကြုံးဝါးလိုက်သေးတယ်။

ရိပေါ်ကအတွင်းရေးမှူးကိုဘာတွေမှာနေမှန်းမသိပေမယ့်အတွင်းရေးမှူးဖုန်းကခေါင်းညိတ်ပြီးနားထောင်နေတယ်။ သူအထဲမဝင်သေးဘဲစောင့်နေတာမြင်တော့အတွင်းရေးမှူးဖုန်းကနောက်ကပြေးလိုက်လာတယ်။ ရှောင်းကျန့်တို့အပေါ်ထပ်ကိုဓာတ်လှေကားနဲ့တက်လာကြပြီးအတွင်းရေးမှူးဖုန်းကသက်တော်စောင့်တစ်ယောက်လိုနောက်မှာတောင့်တောင့်ကြီးရပ်နေပြန်တယ်။

သူတို့ရိရန်အခန်းဆီရောက်တော့ရှောင်းကျန့်ကအခန်း‌ကုတ်နံပါတ်ကိုရိုက်ထည့်ပြီးတံခါးကိုဆွဲဖွင့်လိုက်တယ်။ ရိရန်ကိုအကျိုးအကြောင်းရှင်းပြပြီးသားမို့ပစ္စည်းတွေအကုန်လုံးကိုကိုယ့်ဘာကိုယ်သိမ်းသွားရုံ။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now