Part-24

19.6K 1.6K 109
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 24

For unicode

"ရှောင်းကျန့် မင်းတစ်ခုခုထစားဦး"

"ငါဘယ်လိုလုပ်ရမလဲရိရန် ဟင့်"

ရှောင်းကျန့်ကပြောရင်းခန္ဓာကိုယ်ကတုန်ရင်လာကာငိုလာပြန်သည်။ ရှောင်းကျန့်ကိုယ်ကတသိမ့်သိမ့်ရှိုက်နေသောကြောင့်သနားစဖွယ်အတိ။ မနေ့ကတည်းကရောက်လာပြီးငိုနေတာအခုထိအငိုမရပ်နိုင်သေး။ ငိုအားကြီးလို့အသံတောင်မထွက်နိုင်တော့ဘူး။ ရောက်ကတည်းကအစားလည်းသေချာဝင်အောင်မစား၊ အစကတည်းကပိန်ရတဲ့အထဲ ကိုယ်ဝန်ပါရှိနေတော့လူကပါးလှပ်နေတော့သည်။

မနေ့ညကဝမ်ရိပေါ်ဖုန်းဆက်တော့လည်းရှောင်းကျန့်သဘောအတိုင်းလိမ်ပေးလိုက်ရသည်။ တစ်ဖက်ကလူကလည်းအမှန်တကယ်စိုးရိမ်နေပုံရပြီးအသံတွေတောင်တုန်ရင်နေကာ ရှောင်းကျန့်ရှိနေဖို့မျှော်လင့်နေပုံရသည်။ နောက်ဆုံးဝမ်ရိပေါ်ကရှောင်းကျန့်ရောက်လာရင်သူ့ကိုဆက်သွယ်ပေးဖို့တောင်းဆိုသံကဝမ်ရိပေါ်လိုမာနကြီးတဲ့လူနဲ့တောင်မလိုက်ဖက်ချင်။ အခုလည်းလိုင်းပေါ်ကသတင်းကိုမြင်ပြီးရှောင်းကျန့်ကငိုနေပြန်သည်။

ဘာဘဲဖြစ်ဖြစ်နှစ်ဦးနှစ်ဖက်တွေ့ပြီးညှိနှိုင်းကြဖို့ပြောပေမယ့်ရှောင်းကျန့်ကလက်မခံ။ သူ့စိတ်သူပြင်ဆင်ထားဖို့အချိန်လိုတယ်တဲ့။ ရှောင်းကျန့်လိုသန်မာတဲ့လူကဒီလိုပျော့ဖပ်နေတော့လည်းသူလုံးဝစိတ်မကောင်း။ ငိုပြီးရောက်လာတုန်းကလည်းအကျိုးအကြောင်းမေးမြန်းခဲ့ပေမယ့်ပြန်မဖြေ။ မျက်လုံးဖောင်းလောက်အောင်သာငိုဘဲငိုနေခဲ့သည်။

ကြည့်ရတာဒီမနက်တက်လာတဲ့HSကအမှန်ဖြစ်မယ်ထင်တယ်။ ရှောင်းကျန့်ဆိုတဲ့လူကဝမ်ရိပေါ်ကိုဘယ်လောက်ချစ်လိုက်လဲ။ သူproposeအကြိမ်ကြိမ်လုပ်ခဲ့တာတောင်အားမနာစတမ်းငြင်းပစ်ခဲ့တာလေ။ အဲ့ကောင်ကရှောင်းကျန့်ကိုလုံးဝတန်ဖိုးမထားဘူးဘဲ။

ရိရန်ကရှောင်းကျန့်cmtတွေကိုဆက်မဖတ်နိုင်အောင်ဖုန်းကိုဆွဲလုပြီးရှောင်းကျန့်ဖတ်နေတဲ့သတင်းကိုဆက်ဖတ်လိုက်၏။ 'ဝမ်ရိပေါ်နဲ့ ရှောင်းပိုင်ဆေးရုံကိုဘာလာလုပ်တာလဲ' 'ရှောင်းပိုင်ရဲ့ကိုယ်ဝန်'‌နှစ်ခုလုံးကHS 1နဲ့2မှာနေရာယူထားကာအင်တာနက်အသုံးပြုသူတွေကဆက်တိုက်repostလုပ်နေကြ၏။ အထူးသဖြင့်ဝမ်ရှောင်းCP fanတွေနဲ့ကျောင်းတုန်းကအသိတွေ။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now