Part-18

21.9K 1.6K 103
                                    

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 18

For unicode

ရိပေါ်မလာသေးဘူးလား...။ ရှောင်းကျန့်ကအကြိမ်ကြိမ်ဖုန်းဆက်‌ပေမယ့်မကိုင်သေးတဲ့ဖုန်းကိုနောက်တစ်ကြိမ်ဆက်လိုက်မိ၏။ ဖုန်းဝင်ပေမယ့်မကိုင်ဘူးဆိုတော့ဘာဖြစ်နေလို့များလဲ။ ရှောင်းကျန့်ကအချိန်ကလည်းညနေ၆နာရီထိုးနေပြီဆိုတော့ရိပေါ်တစ်ခုခုဖြစ်နေပြီလားလို့တောင်စိတ်ပူလာခဲ့တယ်။

နောက်ဆုံးရှောင်းကျန့်ကရိပေါ်ကိုဖုန်းဆက်မရတဲ့အဆုံးရိပေါ်အတွင်းရေးမှူးဆီကိုဘဲဖုန်းဆက်လိုက်၏။

"အတွင်းရေးမှူးဖုန်း ကျွန်တော်ပါ"

အတွင်းရေးမှူးဖုန်းခမျာလည်းဒီတစ်ခါတက်လာတဲ့HSကလွယ်လွယ်ဖြုတ်ချမရလို့ချွေးတောင်ပြန်နေတော့၏။ ဒီနေ့ချီးရှီပွဲတော်နေ့မှသာသူ့ဘော့စ်ကရှောင်းပိုင်နဲ့hsတက်တော့hsကလွယ်လွယ်ဖြုတ်ချမရတော့။

'ဝမ်ရိပေါ်နဲ့ရှောင်းပိုင်ကတကယ့်အတွဲတွေလား'ဆိုတဲ့ခေါင်းစဉ်နဲ့ကော်ဖီဆိုင်မှာနှစ်ယောက်သားတွေ့နေတဲ့ပုံကိုတင်ထားတော့searchကတရိပ်ရိပ်တက်လာလိုက်တာအခုဆိုနံပါတ်6နေရာတောင်ရောက်နေပြီ။

"ဟုတ် ဟုတ်ကဲ့"

"ကျွန်တော်ရိပေါ်ကိုဖုန်းဆက်မရလို့!
သူအဆင်ပြေတယ်မလားဟင်"

"ဟုတ်ကဲ့ ပြေပါတယ်
သူဌေးကကုမ္ပဏီမှာပါ"

‌အတွင်းရေးမှူးဖုန်းကဒေါသထွက်နေတဲ့သူဌေးဆီကိုထပ်မသွားရဲတော့။ သူ့ဘာသူရှောင်းပိုင်နဲ့သွားတွေ့ပြီးhsတက်လာတော့မှအိမ်ကလူသိသွားမှာကြောက်နေသေးတယ်။

"သူအိမ်ပြန်မလာသေးဘူးလားဟင်
ကျွန်တော်စောင့်နေတယ်လို့ပြောပေးပါလား"

"ဟုတ်ကဲ့ ကျွန်တော်ပြောလိုက်ပါ့မယ်
ရုံးမှာနည်းနည်းအလုပ်ရှုပ်သွားလို့ပါ"

‌အတွင်းရေးမှူးဖုန်းကဟိုဘက်ကဖုန်းချသွားမှမျက်မှန်ပင့်လိုက်ပြီးဉက္ကဌရုံးခန်းထဲပြန်ဝင်လာခဲ့၏။

"သူဌေး ရှောင်းသခင်လေးဖုန်းဆက်ပါတယ်
အိမ်မှာစောင့်နေပါတယ်တဲ့"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now